Power Bank နဲ့ ချိတ်သုံးတို့ Battery သပ်သပ်လာမှာတို့ ပြောခဲ့တဲ့ ညိုကီတို့အတွက် သတင်းကောင်းပါပေါ့။ iPhone 17 Air က ထွက်သမျှ iPhone မော်ဒယ်တွေထဲမှာ အပါးဆုံးဖုန်းဖြစ်မယ့်အပြင် ဘတ်ထရီပါဝင်မှုလည်း နည်းမှာပါ။ ဒါကတော့ တော်တော်များများ ခန့်မှန်းပြီးသားပါပဲ။
ဒီ့အတွက် Apple ဘက်ကနေ user တွေအဆင်ပြေစေဖို့ iPhone 17 Air အတွက် Battery Case ကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

iPhone 17 Air ကို တစ်နေ့လုံးအားပြန်မသွင်းဘဲ သုံးမယ့်သူဆိုတာ 60% ကနေ 70% လောက်အထိ ရှိနိုင်တယ်လို့ Apple ကိုယ်တိုင်က ဆိုထားတဲ့အကြောင်း အစီရင်ခံစာအချို့က ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း Apple က iPhone 17 Air အတွက် သီးသန့် Battery case တွေ Mega Battery Pack တွေ ထုတ်ပေးဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေထွက်လာတာပါ။

Apple ကနေ Battery Case ကို iPhone 11 မှာ နောက်ဆုံးထုတ်ပေးခဲ့တာပါ။ အခုပြန်ထုတ်မယ်ဆိုတော့ iPhone 17 Air အတွက်ပဲလား အခြားမော်ဒယ်တွေအတွက်ရော ပါမလား မပြောတတ်သေးပါဘူး။

အစီရင်ခံစာထဲမှာဆိုရင် iPhone 17 Air က ပုံစံအကုန်နီးပါးအသစ်ဖြစ်သွားမှာမို့ ဝယ်ယူသူများပြားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့လည်း Apple ကနေ iPhone 17 Air ကို iPhone 17 Series စုစုပေါင်းထုတ်လုပ်မှုရဲ့ 10% လောက်သာ ထုတ်သွားမယ်လို့လည်း ဆိုထားပါတယ်။
Discussion