အပြောင်းအရွှေ့အတွက် ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်အသင်း​တွေနဲ့ နေမာရဲ့အေးဂျင့်ဆွေးနွေး

အပြောင်းအရွှေ့အတွက် ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်အသင်း​တွေနဲ့ နေမာရဲ့အေးဂျင့်ဆွေးနွေး

ဘရာဇီးလ်ကြယ်ပွင့် နေမာရဲ့အေးဂျင့်ဖြစ်သူဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီး (၇)ပွဲကစားထားရာမှာ (၃)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားတာပါ။

Link နှိပ်ပြီး ဆက်လက်ဖတ်ရှုပေးပါရန် >>>>>

နေမာဟာ ဆန်းတို့စ်အသင်းမှာ ပုံစံကောင်းတွေပြသနေတာကြောင့် (၁၈)လနီးပါးအကြာမှ ပထမဆုံးအကြိမ် ဘရာဇီးလ်အသင်းလူစာရင်းထဲ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဆန်းတို့စ်အသင်းဟာ နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ထိန်းထားချင်တယ်လို့ သတင်းတွေထွက်နေပေမယ့် စပိန်မီဒီယာ Sport က နေမာရဲ့အေးဂျင့် ဇဟာဗီဟာ စပိန် ဒါမှမဟုတ် ဂျာမနီထံ ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်နေ တယ်လို့ ဖော်ပြခဲ့ပါတယ်။

အေးဂျင့်ဇဟာဗီဟာ နေမာရဲ့ဘာစီလိုနာအသင်းကနေ PSG အသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှု၊ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ အပြောင်းအရွှေ့တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နာမည်ကြီးအေးဂျင့် ဇဟာဗီဟာ ဘာစီလိုနာအသင်းအကြီးအကဲ လာပေါ်တာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ကစားသမားဟောင်း
နေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် နေမာကို ပြန်လည်ခေါ်ယူဖို့ဆိုရင် ကစားသမားတွေကို ရောင်းချမှုအပေါ်မူတည်ပြီးမှသာ ခေါ်ယူနိုင်ဖွယ်ရှိတာပါ။ နေမာကတော့ ဘာစီလိုနာအသင်းမှာ ပြန်လည်ကစားခွင့်ရဖို့အတွက် သင့်လျော်တဲ့ လစာပမာဏကို လက်ခံဖို့အဆင်သင့်ရှိနေပါတယ်။ လက်ရှိအချိန်မှာ နေမာရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေအများအပြားထွက်ပေါ်နေပေမယ့် သူကတော့ အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဆိုထားပါတယ်။

ဘရာဇီးလ်ကြယ်ပွင့် နေမာရဲ့အေးဂျင့်ဖြစ်သူဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီက ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီး (၇)ပွဲကစားထားရာမှာ (၃)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ထားတာပါ။

နေမာဟာ ဆန်းတို့စ်အသင်းမှာ ပုံစံကောင်းတွေပြသနေတာကြောင့် (၁၈)လနီးပါးအကြာမှ ပထမဆုံးအကြိမ် ဘရာဇီးလ်အသင်းလူစာရင်းထဲ ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆန်းတို့စ်အသင်းဟာ နေမာကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ထိန်းထားချင်တယ်လို့ သတင်းတွေထွက်နေပေမယ့် စပိန်မီဒီယာ Sport က နေမာရဲ့အေးဂျင့် ဇဟာဗီဟာ စပိန် ဒါမှမဟုတ် ဂျာမနီထံ ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

အေးဂျင့်ဇဟာဗီဟာ နေမာရဲ့ဘာစီလိုနာအသင်းကနေ PSG အသင်းထံ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှု၊ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ အပြောင်းအရွှေ့တွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နာမည်ကြီးအေးဂျင့် ဇဟာဗီဟာ ဘာစီလိုနာအသင်းအကြီးအကဲ လာပေါ်တာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ကစားသမားဟောင်း နေမာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် နေမာကို ပြန်လည်ခေါ်ယူဖို့ဆိုရင် ကစားသမားတွေကို ရောင်းချမှုအပေါ်မူတည်ပြီးမှသာ ခေါ်ယူနိုင်ဖွယ်ရှိတာပါ။ နေမာကတော့ ဘာစီလိုနာအသင်းမှာ ပြန်လည်ကစားခွင့်ရဖို့အတွက် သင့်လျော်တဲ့ လစာပမာဏကို လက်ခံဖို့အဆင်သင့်ရှိနေပါတယ်။ လက်ရှိအချိန်မှာ နေမာရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ထင်ကြေးသတင်းတွေအများအပြားထွက်ပေါ်နေပေမယ့် သူကတော့ အနာဂတ်ကို ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဆိုထားပါတယ်။