အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်ခံခဲ့ရပါတယ်။

တောင်အာဖရိက ယူ-၁၅ အသင်းနဲ့ ပေါ်တူဂီ ယူ-၁၅ အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ ပေါ်တူဂီ ယူ-၁၅ အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရတဲ့ စီရော်နယ်ဒိုက အဖွင့်ပွဲမှာပဲ အဖိုးတန် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

နောင်(၂၄)နှစ်အကြာ အခု ၂၀၂၅ ခုနှစ် မေလမှာတော့ စီရော်နယ်ဒိုရဲ့သားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာက ပေါ်တူဂီယူ-၁၅ အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရပါတယ်။

လာမယ့် မေ(၁၃)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ ခရိုအေးရှားနိုင်ငံမှာ ကစားမယ့် Vlatko Markovic နိုင်ငံတကာယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲမှာ ပေါ်တူဂီယူ-၁၅ အသင်းက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ စီရော်နယ်ဒိုဂျူနီယာက ပေါ်တူဂီနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံးကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။

စီရော်နယ်ဒိုဂျူနီယာဟာ လက်ရှိမှာ သူ့ဖခင်ကစားနေတဲ့ အယ်လ်နာဆာအသင်းရဲ့ လူငယ်အကယ်ဒမီအသင်းမှာ ကစားသမားတစ်ဦးအဖြစ် ကစားနေပြီး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဒါကြောင့် အသက်(၁၄)နှစ်အရွယ် သားဖြစ်သူ စီရော်နယ်ဒိုဂျူနီယာနဲ့ အသက်(၄၀)အရွယ် ဖခင်ဖြစ်သူ စီရော်နယ်ဒိုတို့ တစ်နေ့နေ့တစ်ချိန်ချိန် ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ အသင်းတစ်သင်းတည်း အတူကစားတာတွေ့မြင်ရဖွယ်ရှိတယ်လို့ သုံးသပ်ဝေဖန်မှုတွေရှိနေစဉ်မှာပဲ စီရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၅ အသင်းမှာ ကစားဖို့ ရွေးချယ်ခံခဲ့ရတာပါ။

စီရော်နယ်ဒိုဂျူနီယာအနေနဲ့ ပေါ်တူဂီယူ-၁၅ အသင်းအတွက် ပထမဆုံးပွဲဦးထွက်မှာ သူ့အဖေလို ဂိုးသွင်းနိုင်မလားဆိုတာလည်း Vlatko Markovic နိုင်ငံတကာလူငယ်ဖိတ်ခေါ်ပြိုင်ပွဲမှာ စောင့်ကြည့်ရမှာပါ။

Read more

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ