App တွေက Permissions တောင်းရင် သတိပြုတတ်ဖို့

App တွေက Permissions တောင်းရင် သတိပြုတတ်ဖို့

တစ်ခါတစ်လေ ကိုယ်က App တစ်ခုခု လိုအပ်လို့ download လုပ်ပြီး သုံးဖို့ဖွင့်တဲ့အခါ Permissions တွေတောင်းတာမျိုး တွေ့ဖူးကြမှာပါ။ အဲဒီ့အခါ "Allow Once","Allowing While Using App", "Don't Allow" ဆိုပြီး Option 3 ခုမြင်ဖူးကြမှာပါ။  

App တွေကို ဒေါင်းလုဒ်လုပ်ကြတဲ့အခါ App တွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝအလုပ်လုပ်နိုင်ဖို့အတွက်  ဖုန်းတစ်လုံးမှာပါဝင်တဲ့ သက်ဆိုင်တဲ့ Function အချို့ကို တောင်းယူကြပါတယ်။ (ဥပမာဆိုရင် Photo Editing App တစ်ခုကို သုံးမယ်ဆိုင် သင့်ရဲ့ Gallery ကို အသုံးပြုခွင့်တောင်းတာမျိုးပါ။ အာ့လိုခွင့်ပြုချက်ရမှ Gallery ထဲက ပုံတွေကို ယူပြီး edit လုပ်ပေးနိုင်မှာဖြစ်ပါတယ်။)  

ဒီလိုခွင့်ပြုချက်တွေတောင်းတဲ့နေရာမှာ အချို့ App တွေကတော့ လိုတာထပ်ပိုပြီး တောင်းတက်ကြပါတယ်။ အမြဲတွေ့နေကြမျိုးဆိုရင်တော့ Location တွေတောင်းတာမျိုးပါ။ များသောအားဖြင် ဒီလိုတောင်းကြတာဟာ တချို့ App Company တွေက user တွေရဲ့ အသုံးပြုမှုကို ရယူထားချင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ပိုစ့်မှာ ပြောခဲ့ဖူးသလို App  တွေကို install လုပ်တော့မယ်ဆိုရင် review တွေဖတ်ဖို့ အင်တာနက်မှာ အရင်သေချာလေ့လာပြီးမှ ဒေါင်းလုဒ်လုပ်သင့်ပါတယ်။  

အခုနောက်ပိုင်းမှာတော့ နည်းပညာကုမ္ပဏီတော်တော်များများဟာ user တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အသုံးပြုသူရဲ့ သဘောတူညီချက်မရှိပဲ ရယူခွင့်မရှိနိုင်အောင် ပြုလုပ်ပေးထားလာတာကြောင့် သင့်စိတ်ကြိုက်ရွေးချယ်ပြုပြင်နိုင်ပါတယ်။ Facebook လိုမျိုး နာမည်ကြီး Social Media App တွေမှာတောင် ကြော်ငြာ (Ads) တွေကို သင့်အကြိုက်ကန့်သတ်နိုင်တာမျိုးတွေကို ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။  

ဒါပေမဲ့လည်း နည်းပညာတိုးတက်မှုဟာ အကောင်းအဆိုး ဒွန်တွဲနေတာမို့ မိမိရဲ့ ကိုယ်ရေးအချက်အလက်ကို အတက်နိုင်ဆုံးတော့ ကာကွယ်ရမှာ မိမိတာဝန်ဖြစ်ပြီး မသမာသူတွေကလည်း နည်းမျိုးစုံနဲ့ ခိုးယူဖို့ကြိုးစားနေတယ်ဆိုတာကိုလည်း အမြဲသတိပြုသင့်ပါတယ်။  

Read more

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta

Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထာ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ