“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မကြာခင်အချိန်အတွင်းမှာ Apple Intelligence နဲ့အတူ Third Patry AI Tools တွေကို ပူးပေါင်းသွားဖို့ ဖြစ်တယ်” လို့ Apple CEO Tim Cook က အင်တာဗျူးတစ်ခုမှာ ထပ်မံပြောလာပြန်ပါပြီ။
Apple အနေနဲ့ AI နဲ့ပတ်သက်ပြီး လတ်တလောမှာ ChatGPT နဲ့သာမက Google Gemini ကိုပါ Siri ထဲမှာ ထည့်သွင်းအသုံးပြုနိုင်အောင် စီမံကိန်းဆွဲနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါတင်မကဘဲ Perplexity နဲ့ Anthropic ကိုပါ ပူးပေါင်းမှုတွေ ရှိလာနိုင်ပါသေးတယ်။
ဒီလို သတင်းတွေ ထွက်နေချိန်မှာပဲ Third Party AI တွေအကြောင်း အင်တာဗျူးမှာပါ ထည့်ပြောလာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Apple ဘက်က Third Party AI တွေနဲ့ ပူးပေါင်းမယ့်အကြောင်းပြောလာတာ ဒါပထမဆုံးအကြိမ်တော့ ဟုတ်မနေပါဘူး။ ခဏခဏဆိုတော့ user တွေဘက်က “ပြောပြန်ပြီလား” လို့တောင် နားရည်ဝနေသလိုလို ဖြစ်နေလောက်ပါပြီ။
ဆိုတော့ … Apple Intelligence နဲ့ပတ်သက်လို့ကတော့ မျှော်နိုင်သလောက် မျှော်ဦးနော်….ပါပဲ
Discussion