Apple ကို India မသွားဖို့ပြောဆိုလာတဲ့ Trump
2025 ခုနှစ် မေလ 15 ရက်နေ့တွင် ကာတာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် သမ္မတ Donald Trump မှ Apple CEO Tim Cook အား India တွင် iPhone ထုတ်လုပ်မှု တိုးချဲ့ခြင်းကို ရပ်တန့်ရန်နှင့်အမေရိကန်သို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့သည်။
Apple ၏ရည်ရွယ်ချက်မှာတရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်များကို ရှောင်ရှားရန်ဖြစ်သည်ပြီး ကုမ္ပဏီသည် US အတွက် iPhone တပ်ဆင်မှုအများစုကို 2026 ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ရန် ရည်မှန်းထားသည်။
Trump ၏ဖုန်းခေါ်ဆိုမှုတွင် Apple သည် ကုန်ကျစရိတ်မြင့်မားပြီး ရှုပ်ထွေးမှုများကြောင့် လက်ရှိတွင် iPhone ထုတ်လုပ်မှုကို US သို့ပြောင်းရန် အစီအစဉ်မရှိသေးပဲ လုပ်သားစရိတ်သက်သာပြီး အရည်အသွေးကောင်းမွန်ရန် နှင့် ပြည်ပတွင် iPhone များထုတ်လုပ်ခြင်းသည် iphone ကိုစျေးသက်သာသေးသည်ဟုကျွမ်းကျင်သူများကပြောသည်။
Apple သည် US တွင် $500 ဘီလီယံ ရင်းနှီးမြုပ်နှံမည်ဟု ကြေညာထားသော်လည်း တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ထိုင်ဝမ်ကဲ့သို့သော နိုင်ငံများတွင် ကျန်ရှိနေသော iPhone ထုတ်လုပ်ရေးကို ဆက်လက်လုပ်ဆောင်နေသေးသည်။
ရင်းနှီးမြုပ်နှံသူများသည် Trump ၏မှတ်ချက်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းမပြုဘဲ Apple ၏စတော့ရှယ်ယာများသည် တည်ငြိမ်နေဆဲဖြစ်ပြီး ကုမ္ပဏီ၏မဟာဗျူဟာကိုယုံကြည်ကြောင်းကိုပြသနေသည်။