Apple ပြီးတော့ Samsung အလှည့်

Apple ကဲ့သို့ အမေရိကန်တွင်၎င်း၏ထုတ်ကုန်များကို မထုတ်လုပ်ပါက Samsung သည်သွင်းကုန်ခွန် 25% နှင့်ရင်ဆိုင်ရနိုင်မည်ဟု အမေရိကန်သမ္မတ Donald Trump ကသတိပေးခဲ့သည်။
အမေရိကန်နိုင်ငံသားများထံမှ အကျိုးအမြတ်ရရှိသည့် ကုမ္ပဏီများသည်ပြည်တွင်း၌ရင်းနှီးမြုပ်နှံခြင်းဖြင့် အမေရိကန်စီးပွားရေးကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်းကိုလည်း Trump ကပြောကြားခဲ့သည်။
အမေရိကန်တွင်သံမဏိစက်ရုံများနိုင်ငံအတွင်း လည်ပတ်မည်ဖြစ်ပြီး အလုပ်အကိုင် ၇၀,၀၀၀ ဖန်တီးကာ စီးပွားရေးအတွက် ဒေါ်လာ ၁၄ ဘီလီယံ ထပ်ထည့်မည်ဖြစ်ကြောင်းလည်း Trump ကဖော်ပြခဲ့သည်။
နိုင်ငံ၏လိုအပ်ချက်များအတွက် ကိုယ့်အားကိုကိုးရန်နှင့် US တွင်ရင်းနှီးမြှုပ်နှံထုတ်လုပ်ရန် နိုင်ငံခြားကုမ္ပဏီများအားတွန်းအားပေးခြင်းသည် Trumpပြောခဲ့ဖူးသည့် "America First" မူဝါဒကိုလက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။