Apple ပြီးတော့ Samsung အလှည့်

Apple ကဲ့သို့ အမေရိကန်တွင်၎င်း၏ထုတ်ကုန်များကို မထုတ်လုပ်ပါက Samsung သည်သွင်းကုန်ခွန် 25% နှင့်ရင်ဆိုင်ရနိုင်မည်ဟု အမေရိကန်သမ္မတ Donald Trump ကသတိပေးခဲ့သည်။

အမေရိကန်နိုင်ငံသားများထံမှ အကျိုးအမြတ်ရရှိသည့် ကုမ္ပဏီများသည်ပြည်တွင်း၌ရင်းနှီးမြုပ်နှံခြင်းဖြင့် အမေရိကန်စီးပွားရေးကို ပံ့ပိုးကူညီရမည်ဖြစ်ကြောင်းကိုလည်း Trump ကပြောကြားခဲ့သည်။

အမေရိကန်တွင်သံမဏိစက်ရုံများနိုင်ငံအတွင်း လည်ပတ်မည်ဖြစ်ပြီး အလုပ်အကိုင် ၇၀,၀၀၀ ဖန်တီးကာ စီးပွားရေးအတွက် ဒေါ်လာ ၁၄ ဘီလီယံ ထပ်ထည့်မည်ဖြစ်ကြောင်းလည်း Trump ကဖော်ပြခဲ့သည်။

နိုင်ငံ​၏လိုအပ်ချက်များအတွက် ကိုယ့်အားကိုကိုးရန်နှင့် US တွင်ရင်းနှီးမြှုပ်နှံထုတ်လုပ်ရန် နိုင်ငံခြားကုမ္ပဏီများအားတွန်းအားပေးခြင်းသည် Trumpပြောခဲ့ဖူးသည့် "America First" မူဝါဒကိုလက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။