Apple Watchသည်AliveCor နှင့်မူပိုင်ခွင့်ပြဿနာတွင်အနိုင်ရရှိသွားသောကြောင့် Apple Watch ရောင်းချခွင့်ပြန်လည်ရရှိလာပါပြီ။

US တွင် SpO2 အာရုံခံကိရိယာများပါသည့် Apple Watches များရောင်းချမှုပိတ်ပင်ရန်ကိစ္စနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ Masimo နှင့် Apple ကြားမူပိုင်ခွင့်ကိစ္စနှင့်ပက်သက်သောအငြင်းပွားမှုအတွက်အဖြေထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးသည် နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် (ITC) မှ Apple Watch ကိုတင်သွင်းခွင့်ပိတ်ပင်ရန်တောင်းတိုထားသည့်ကျန်းမာရေးနည်းပညာကုမ္ပဏီ AliveCor နှင့် တရား၀င်ကြားနာမှုပြီးဆုံးခဲ့ပြီး အငြင်းပွားမှု၏အဓိကအကြောင်းအရာဖြစ်သော AliveCor ​၏မူပိုင်ခွင့်များနှင့်ကုန်သွယ်ရေးအမှတ်တံဆိပ်ရုံးမူပိုင်ခွင့်တို့ကိုစစ်ဆေးအပြီးမှာတော့ အယူခံဘုတ်အဖွဲ့ (PTAB) မှယခုကဲ့သို့လုပ်၍မရကြောင်းဆုံးဖြတ်ချက်ကို အတည်ပြုချမှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

Appple Watch မှာပါဝင်တဲ့ EKG စနစ်ကြောင့်မူပိုင်ခွင့်များကို ချိုးဖောက်ခဲ့သည်ဟုဆိုကာ ITC ထံ အမှုတွဲအပေါ် ITC မှ တင်သွင်းခွင့်ပိတ်ပင်လိုက်ကြောင်းစီရင်ချက်ချခဲ့သည့်အတွက် AliveCor အနေဖြင့်အားသာချက်ရှိခဲ့ပေမဲ့ Apple က AliveCor နှင့်အငြင်းပွားနေသော မူပိုင်ခွင့်များကို တရားမဝင်ကြောင်းပြောကြားကာ PTAB တွင်အယူခံဝင်ခဲ့ပြီး PTAB ကယခုမူပိုင်ခွင့်များသည် အမှန်တကယ်ပိတ်ပင်၍မရကြောင်းကိုပြောကြားပြီးနောက် Apple နှင့်ပတ်သက်သည့် AliveCor ၏ ITC အမှုကိုပယ်ချပြီး အဆိုပါဆုံးဖြတ်ချက်ကို US အယူခံတရားရုံးက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။