Arabian အစားအသောက်ကြိုက်တဲ့သူတွေ ရင်ထဲငြိသွားစေမယ့် ဗညားဒလလမ်းမပေါ်က ဆိုင်ကောင်းလေး

Arabian အစားအသောက်ကြိုက်တဲ့သူတွေ ရင်ထဲငြိသွားစေမယ့် ဗညားဒလလမ်းမပေါ်က ဆိုင်ကောင်းလေး

ကဲ ဒီနေ့မှာ adminက Arabian အစားအသောက်ကြိုက်တဲ့ သူတွေအတွက် သတင်းကောင်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဆိုင်လေးကတော့ ဗညားဒလလမ်းမပေါ်က Abdulla ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ admin ကတော့ ဒီဆိုင်လေးအကြောင်းကို သိနေတာ ကြာပြီဆိုပေမယ့် စားဖြစ်တာကတော့ အခုမှမို့လို့ နည်းနည်းတောင် နောင်တရနေပါပြီ။Admin တို့ စားခဲ့တဲ့ အစားအသောက်တွေက အကုန်စားကောင်းတဲ့ အပြင် လုံးဝ Arabian အရသာ စစ်စစ်ကြီးဆိုတာထပ် မြန်မာပါးစပ်နဲ့လည်း ကိုက်အောင် လုပ်ပေးထားတာမို့လို့ မကြိုက်မှာကတော့ မပူရဘူးနော်။

ဒီထဲမှာမှ ဆိုင်ရဲ့ signature ဖြစ်တဲ့ shawarma ကတော့ adminအကြိုက်ဆုံးပေါ့။သူ့အထဲမှာပါတဲ့ အသားတွေဆိုလည်း လုံးဝ အပြည့်နဲ့ အရသာကလည်း ထိမိနေတာ။ ​Garlic sauce ဆိုတာလည်း သိပ်ကောင်း!

ဒီchickenနဲ့ Beef Kebab ဆိုလည်းအသားတွေက လုံးဝ နူးအိပြီး အရသာ သေချာဝင်နေတာကြောင့် တော်တော်စားကောင်းတယ်။ Portion ဆိုလည်း များတာကြောင့် ထမင်းလေးမှာပြီးစားမယ်ဆိုလည်း ကွက်တိပဲ။ဒီဆိုင်ရောက်ရင် Shawarma နဲ့ Kebabကတော့ လုံးဝမစားမဖြစ်မို့လို့ စားခဲ့ကြဖို့ မမေ့နဲ့နော်။

နောက်တစ်ခုကတော့ ARAYES ဒါမှမဟုတ် Arabic pizza လို့ ခေါ်တာလေးဆိုလည်း အပြင်က ကြွပ်ပြီး အထဲမှာ အသားတွေ နဲ့ ညှပ်ပြီး လုပ်ထားတာ။ သူဆိုလည်း နည်းနည်း မဆိုသလောက်လေးတော့ အီသလိုရှိပေမယ့် အရသာကတော့ ရှယ်ပဲနော်။

ပြီးတော့ Hummus ။ သူကလည်း ဒီဆိုင်ရဲ့ signature ပါပဲတဲ့။ adminကတော့ ဒီဆိုင်ရောက်မှ ဒါလေးကို စသိတာပေါ့နော်။ သူကကျ ပဲကို ကြိတ်ပြီး ရလာတဲ့ အနှစ်ကိုမှ အပေါ်မှာ သံလွင်ဆီလေးရယ် ဇီးမှုန့်လေး အနည်းငယ်လေး တင်ထားပြီး နံပြားနဲ့ စားမလား ဒီတိုင်းပဲ စားမလားရတယ်။သူ့အရသာကလေ စိမ့်စိမ့်လေးနဲ့ နူးညံ့နေရောပဲ admin တို့ကတော့ ဒီတိုင်း စားရတာပိုကြိုက််လို့ ဒီတိုင်း စားခဲ့ပါတယ်။

Arabian ငါးကင်ဆိုရင်လည်း အရသာက လုံးဝကောင်းတဲ့ အပြင် အရိုးပါထုတ်ပေးထားတာကြောင့် ငါးစားရင် အရိုးပါလို့ စိတ်ညစ်ရတဲ့ ပြဿနာလည်း မရှိတော့ဘူးနော်။Adminဆို ကြိုက်လွန်းလို့ စားခဲ့တာ ငါး တစ်ကောင်လုံး အပြောင်ပဲ။

Falafel လေးဆိုလည်း တော်တော်စားကောင်းတာ။သူကကြ ဗယာကြော်လို ပုံစံမျိုးကိုမှ ပိုပြီး စိမ့်တဲ့ဘက် သွားတယ်။

ပြီးတော့ သူတို့ဆီမှာ sauce တွေလည်း ချပေးတော့ အဲ့ဒါလေးတွေနဲ့ တွဲစားရင် လုံးဝ ကွက်တိပဲ။ဒါတင်မက ထမင်းလည်း စားချင်ပါတယ်ဆိုလည်း ရှိတယ်နော်။ဆိုင်မှာက Combo set တွေနဲ့လည်း ရှိတာမို့လို့ ၃ ယောက်လောက်ဆို ဒီလို set လေးတွေနဲ့ စားရင် အဆင်ပြေတယ်။နောက်ဒီ set ထဲမှာ ပါတဲ့ အသားဆိုလည်း ကိုယ်က ကြက်သားနဲ့အမဲသားရောလိုချင်လည်းရသလို တစ်မျိုးပဲလိုချင်လည်းရတယ်နော်။ ပြီးတော့ မိသားစုလိုက်စားလို့ရပြီး တအားလည်းတန်တဲ့ set တွေလည်း ရှိသေးတယ်။ Admin အနေနဲ့ကတော့ စားခဲ့သမျှ အကုန်လုံးကို တော်တော်သဘောကျပါတယ်။ ဆိုင်လေးက အစားအသောက်တွေ အရသာရှိတယ်။ service လည်း ကောင်းတယ်။ ပေးရတဲ့ စျေးနဲ့လည်း တန်တယ်။ အသားတွေဆိုလည်း လတ်ဆတ်နေရော!ဒါကြောင့် ဈေးလည်းတန်ပြီး ဗိုက်အပြည့်စားချင်တယ်ဆိုရင် နှစ်ခါမစဉ်းစားဘဲ Abdulla သွားလိုက်တော့နော်။

ဒါဆိုရင်တော့ စားခဲ့တာလေးတွေနဲ့ စျေးနှုန်းလေးတွေကိုလည်း အောက်မှာ ပုံလေးတွေနဲ့ တကွပြောပြပေးထားတာမို့လို့ ဆက်လက်ကြည့်ပေးကြပါဦီးနော်။

Abdulla Shawarma & Doner kebab · No 48 Banyardala Rd, Yangon, Myanmar (Birma)
★★★★☆ · Restaurant
ဆိုင်နာမည်- Abdulla Shawarma 
လိပ်စာ -အမှတ် - ၄၈,ဗညားဒလလမ်းမပေါ်,သိမ်ဖြူတင်းနစ်ကွင်းရှေ့,မဂ်လာတောင်ညွှန့်မြို့နယ်, ရန်ကုန်မြို့
ဖုန်း- 09261004001

Read more

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale