■ Video - မနေ့ကကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(တောင်အမေရိကဇုန်) အာဂျင်တီးနား(၄-၁)ဘရာဇီးလ်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် အယ်လ်ဗာရက်ဇ်(၄ မိနစ်)၊ အန်ဇိုဖာနန်ဒက်ဇ်(၁၂ မိနစ်)တို့သွင်းခဲ့တဲ့ဦးဆောင်ဂိုး(၂)ဂိုး၊ ဘရာဇီးလ်အသင်းအတွက် ကွန်ညာရဲ့ချေပဂိုး(၂၆ မိနစ်)၊ အာဂျင်တီးနားအတွက် မက်အလစ္စတာ(၃၇ မိနစ်)၊ ဆီမြွန်နီ(၇၁ မိနစ်)တို့ သွင်းယူခဲ့တဲ့ အနိုင်ဂိုး(၂)ဂိုး။
■ ဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီ၊ အဓိကတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အာဂျင်တီးနားတိုက်စစ်မှာ အယ်လ်ဗာရက်ဇ်၊ အန်ဇိုဖာနန်ဒက်ဇ်တို့က တွဲကစားခဲ့ကြပါတယ်။
■ အာဂျင်တီးနားအသင်းအနေနဲ့ ဘရာဇီးလ်အသင်းကို ၂၀၁၉ ခုနှစ်နောက်ပိုင်း မရှုံးတဲ့မှတ်တမ်းကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်လမှာ ဘရာဇီးလ်ကို (၀-၂)ဂိုးနဲ့ ရှုံးပြီးနောက်ပိုင်း အာဂျင်တီးနားအသင်းအနေနဲ့ ဘရာဇီးလ်အသင်းကို (၄)ပွဲနိုင်(၁)ပွဲသရေကစားနိုင်ခဲ့ပါတယ်။
Discussion