ASUS ၏ NUC 14 Pro mini PC
ASUS သည်၎င်း၏ NUC 14 Pro mini PC အသစ်တွင် ၁ စက္ကန့်လျှင် 48 trillion အထိလုပ်လုပ်နိုင်သော Neural Processing Unit (NPU) ကို တပ်ဆင်လာသည်။ASUS NUC Pro AI ဟုအမည်ရပြီး Intel Core Ultra 9 288V processor ပါဝင်မည်။အမြင့်အနေဖြင့် ၁.၃ လက်မသာရှိသောကြောင့်နေရာအများကြီးပေးစရာမလိုသလိုလွယ်လွယ်ကူကူသယ်ဆောင်နိုင်ပါသည်။
မော်ဒယ်အသစ်တွင် ပါဝင်သော port များနှင့် အတွင်းဖွဲ့စည်းပုံများမှာ ယခင်မော်ဒယ်နှင့်ဆင်တူနေသည်။
Heat ကြောင့်စက်ပျက်စီးထိခိုက်မှုမဖြစ်စေရန် ASUS သည် အဆင့်မြင့် အပူထိန်းနည်းပညာများကို တပ်ဆင်ထားသည်။ထို့အပြင် Secure Boot၊ built-in speakers နှင့် အသံသုံးမေးခွန်းများအတွက် build-in microphone လည်းပါဝင်သည်။ လုံခြုံရေးအတွက် fingerprint reader နှင့် Trusted Platform Module (TPM) တို့လည်း ထည့်သွင်းထားသည်။
ASUS mini PC သည် daily use အတွက်အဆင်ပြေနိုင်သော်လည်းမြင့်မားသောဆက်တင်နှင့်game ကစားချင်းအတွက်များလွယ်ကူမည်မဟုတ်ပါ။သို့သော်လည်း ASUS တွင်ဂိမ်းဆော့နိုင်သော NUC PC အချို့ရှိသည်။