Asus ကတော့ စမတ်ဖုန်းအသစ်ပြန်လည်မိတ်ဆက်လာမယ့်အပြင်ကို ကုမ္ပဏီရဲ့ ပထမဆုံး Handheld Xbox Console ကိုလည်း မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

Project Kennan လို့အမည်ပေးထားတဲ့ Handheld Xbox Console က မနှစ်တုန်းက Microsoft ကနေ ထုတ်သွားဖို့ သတင်းတွေထွက်နေခဲ့တာဖြစ်သလို Microsoft Gaming အမှုဆောင်ဒါရိုက်တာကိုယ်တိုင်ကကို အတည်ပြုခဲ့တာပါ။ အခုတော့ Asus နဲ့ icrosoft ပူးပေါင်းပြီး ထုတ်သွားမယ့်ပုံစံပါပဲ။ Project Kennan ဟာဆိုရင် Windows နဲ့ Xbox တို့ပူးပေါင်းမှရဲ့ အဓိကရည်ရွယ်ချက်ဖြစ်လာမှာဖြစ်ပြီး Windows-based DNA ပါရှိသွားမှာပါ။ 

Project Kennan ကိုတော့ AMD ရဲ့ Ryzen Z2 Go Chips ကို သုံးသွားမယ်လို့ Leak တွေထွက်နေပြီး လောလောဆယ်တော့ Project ကာလပဲရှိသေးတာမို့ ဒီနှစ်ကုန်ပိုင်းမှာပဲ မိတ်ဆက်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲလည်း ဖြန့်ချိသွားနိုင်ပြီး စျေးနှုန်းအနေနဲ့တော့ $599 ဝန်းကျင်လောက်ဖြစ်ပါမယ်။