အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆော်ဒီပရိုလိဂ်ပြိုင်ဘက် အယ်လ်အာလီအသင်းကို အာရှချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ပြီးထွက်ခွာခဲ့ရတာပါ။

ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီမှာရလဒ်တွေဆိုးရွားနေပြီး အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးနေရာရပ်တည်နေတဲ့ အယ်လ်အစ်တီဟတ်အသင်းနဲ့ (၆)မှတ်အကွာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ ဘင်ဖီကာအသင်းနည်းပြဟောင်း ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့တာပါ။

အယ်လ်ဟီလယ်အသင်းဟာ ဂျော့ခ်ျဂျီးဆပ်ရဲ့နေရာမှာ Al-Shalhoub ကိုရာသီကုန်အထိ အသင်းရဲ့လက်ကျန်ပွဲတွေကိုတာဝန်ယူဖို့ ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဂျော့ခ်ျဂျီးဆပ်ဟာ ဘရာဇီးလ်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတာပါ။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းရဲ့နံပတ်တစ်နည်းပြပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ အန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့အဆင်မပြေခဲ့ရင် ဂျော့ခ်ျဂျီးဆပ်နဲ့ ပါလ်မီးရပ်စ်အသင်းနည်းပြ အေဘယ်လ်ဖာရဲရားတို့ကို အခြားရွေးချယ်စရာတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

Read more

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ မိမိစိတ်ဝင်စားတယ်လို့ ဒေးဗစ်မွိုက်စ်အတည်ပြု

အဲဗာတန်အသင်းနည်းပြဒေးဗစ်မွိုက်စ်က ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကိုခေါ်ယူဖို့ သူစိတ်ဝင်စာ

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

ရော်နယ်ဒိုရဲ့အသက်အငယ်ဆုံး Ballon d’Or ဆုရှင်စံချိန်ကို လာမင်းယာမားလ် ရိုက်ချိုးမလား

Ballon d’Or ဆုကို ဆွတ်ခူးခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးဆွတ်ခူးသူအဖြစ်စံချိန်တင်ထားတာက ၁၉၉၇ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးရော်နယ်ဒို(ဒိုကြ

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့  အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်က လက်ခံနိုင်စရာမရှိဘူးလို့ အော်ဒီဂါဝေဖန်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါက အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်