AYA ဘဏ် ၊ AYA SOMPO နှင့် AIA Myanmar တို့က မဟာဗျူဟာကျ Bancassurance ပူးပေါင်းမှု စတင်

AYA ဘဏ် ၊ AYA SOMPO နှင့် AIA Myanmar တို့က မဟာဗျူဟာကျ Bancassurance ပူးပေါင်းမှု စတင်

AYA ဘဏ် ၊  AYA SOMPO အာမခံ နှင့် AIA Myanmar တို့ ပူးပေါင်း၍ မြန်မာပြည်သူလူထုကို များစွာ အကျိုးရှိစေမည့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ အာမခံ ပေါ်လစီများကို ပိုမိုကျယ်ပြန့်စွာ ပေးအပ်နိုင်ရန်အတွက် Bancassurance မဟာဗျူဟာ ပူးပေါင်းမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။  နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီတစ်ခုနှင့် မြန်မာ့ဦးဆောင် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကွန်ရက်တို့၏ မြန်မာ့ပထမဆုံး နှစ်ရှည် Bancassurance ပူးပေါင်းမှုသည် နိုင်ငံအတွင်း အာမခံ အကာအကွယ်များ ပိုမို ရရှိနိုင်စေရန် ရည်ရွယ်သည်။

အဆိုပါ ပူးပေါင်းမှုသည် AYA SOMPO နှင့် AIA Myanmar တို့၏ အသက်၊ ကျန်းမာရေး နှင့် အထွေထွေအာမခံ ပေါ်လစီများကို AYA ဘဏ်ခွဲများတွင် ရရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုပူးပေါင်း ဆောင်ရွက်မှုက AYA SOMPO နှင့် AIA Myanmar တို့၏ အကောင်းဆုံးသော ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝန်းတွင် ပိုမိုလွယ်ကူစွာ ရရှိနိုင်စေတော့မည် ဖြစ်သည်။ အဆိုပါ ဘဏ်ခွဲများရှိ ကိုယ်စားလှယ်များက customer များနှင့် ၎င်းတို့မိသားစုဝင်များ၏ တစ်ဦးချင်းလိုအပ်ချက်များနှင့် ကိုက်ညီမည်ဖြစ်သော အာမခံ ကာကွယ်မှု ရွေးချယ်စရာများကို ဆွေးနွေးညွှန်ပြသွားနိုင်တော့မည် ဖြစ်သည်။

AYA ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးမြင့်ဇော်က “ဒီ ပူးပေါင်းမှုဟာ အကောင်းဆုံးသော အထွေထွေ နဲ့ အသက်အာမခံ တွေကို ကျွန်တော်တို့ customers တွေအတွက် AYA ဘဏ်ရဲ့ ကျယ်ပြန့်တဲ့ ဘဏ်ခွဲ ကွန်ရက်တွေနဲ့ ဒီဂျစ်တယ် နည်းလမ်းတွေက တစ်ဆင့် ပေးအပ်နိုင်တော့မယ့် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကို ဘဏ္ဍာရေးရာ ဖြေရှင်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့အညီ ကျွန်တော်တို့ customers တွေဟာ ခုဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးရာ လိုအပ်ချက်တွေ၊ အာမခံ အကာအကွယ်တွေကို တစ်နေရာတည်းမှာ သက်သောင့်သက်သာနဲ့ပဲ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စုပေါင်းအင်အားတွေ အပြည့် ပါဝင်တဲ့ ဒီပူးပေါင်းမှုဟာ အရင်တုန်းကနဲ့ လုံးဝမတူတဲ့ အကောင်းဆုံးသော အာမခံအကာအကွယ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ပိုပြီးတော့ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

AYA SOMPO Insurance ၏ CEO ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO ဟာ ၂၀၁၈ ခုနှစ်မှာ AYA ဘဏ်နဲ့ ပူးပေါင်းပြီး Bancassurance ဝန်ဆောင်မှုတွေကို ပေးအပ်နေတဲ့ ပထမဆုံး အာမခံ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သုံးပွင့်ဆိုင် Bancassurance ပူးပေါင်းမှု အဖြစ် AIA Myanmar ကပါ ကျွန်တော်တို့ ပူးပေါင်းမှုထဲ ဝင်ရောက်လာတာ ဝမ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်။ ဒီဆန်းသစ်တဲ့ ပူးပေါင်းမှုဟာ မြန်မာတစ်နိုင်ငံလုံးအတွက် အာမခံ အကြောင်း ပိုမိုသိရှိစေဖို့၊ အကာအကွယ်တွေ ပိုပြီး အလွယ်တကူ ရရှိနိုင်ဖို့အတွက် အဓိကကျပြီး ထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။ ကျွန်တော်တို့ရဲ့ ပြည်တွင်းဗဟုသုတတွေ၊ ကွန်ရက်တွေနဲ့ ကမ္ဘာ့ကျွမ်းကျင်သူတွေက ပြည်သူတွေအတွက် အကောင်းဆုံးသော ဘဏ္ဍာရေးရာ ကမ်းလှမ်းမှုတွေကို ပေးစွမ်းနိုင်ဖို့ အဓိက သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အတူတကွ ပူးပေါင်းလိုက်ခြင်းက ပိုကောင်းမွန်၊ ပိုသန်မာလာစေမှာ ကျိန်းသေပါပဲ။” ဟု ဆိုသည်။

AIA Myanmar ၏ CEO ဖြစ်သူ Nhon (Luc) Ly က “AYA ဘဏ်၊ AYA SOMPO တို့နဲ့ ပူးပေါင်းပြီး ပြည်သူအများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိနိုင်ဖို့ ကူညီပေးနိုင်ခဲ့တာ အလွန် ဝမ်းသာမိပါတယ်။” ဟုဆိုသည်။ “AIA ရဲ့ ကမ္ဘာ့အာမခံကျွမ်းကျင်သူတွေနဲ့ AYA ဘဏ်၊ AYA SOMPO တို့ရဲ့ ဒေသတွင်း ကွန်ရက် ကျယ်ပြန့်မှုတွေ ပေါင်းစည်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွားရေး တိုးတက်မှုတွေနဲ့အတူ ပြည်သူတွေကို အမှန်တကယ် အကျိုးရှိစေမယ့် ဆန်းသစ်တီထွင်မှုတွေ အစပျိုးဖို့ အဓိက အားအင်ကြီးတစ်ရပ် ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါက တကယ်ကို နိဒါန်းပဲ ရှိပါသေးတယ်။ ဒီနောက်မှာဆိုရင် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ပိုကျယ်ပြန့်တဲ့ ပလက်ဖောင်း အသီးသီးကနေ ပေးအပ်သွားနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာတော့မှာပါ။” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် AYA ဘဏ်၊ AYA SOMPO Insurance နှင့် AIA Myanmar တို့ ပူးပေါင်း၍ Bancassurance ဝန်ဆောင်မှု လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုချက် ပေးအပ်ပြီးပြီးချင်းတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Bancassurance ပေါ်လစီအသစ်အပါအဝင် AYA SOMPO Insurance နှင့် AIA Myanmar တို့၏ ဝန်ဆောင်မှု အသစ်များကို ပိုမိုသိရှိလိုပါက https://inthistogether.website/ တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ