မရမ်းကုန်းမြို့နယ် မှာဖွင့်ထားတဲ့ Waffle Ice Cream လေး

မရမ်းကုန်းမြို့နယ် မှာဖွင့်ထားတဲ့ Waffle Ice Cream လေး

"သူ့အချစ်တွေတောင် မင်းလောက်မချိုဘူး "

မင်မင် ဒီနေ့မိတ်ဆက်ပေးမှာက မရမ်းကုန်းမြို့နယ် မှာဖွင့်ထားတဲ့ Waffle Ice Cream လေးအကြောင်းပါ။

ဆိုင်လေးရဲ့ နာမည်လေးကတော့ "az space" ဆိုတဲ့ Juice & Tea shop လေးဖြစ်ပါတယ်။

ဒီဆိုင်လေးက ဖွင့်ထားတာတော့ 5လလောက်ရှိပြီ။ ဆိုင်အပြင်အဆင်လေးကလည်း မဆိုးဘူး။ ဆိုင်ခန်းကျယ်တယ်လို့ ပြောလို့ရတယ်။ Menu ပိုင်းအရဆိုရင် Drinks တွေတော်တော်လေးစုံတယ်။ Ice cream မှာ အရသာ 5မျိုးရှိမယ်။ အဲ့အပြင် side dishes တွေလည်းရှိတယ်။

မင်မင်တို့ မှာစားဖြစ်တာလေးကတော့....

Waffle Ice Cream (Chocolate chip+ Blueberry) - 3500MMK

Waffle အနေနဲ့က Bubble Waffle ကိုသုံးပေးထားတယ်။ အသားလေးကအိပြီးစားလို့ကောင်းတယ်။ အပေါ်ခွံကလည်းမာမာကြီးမဟုတ်တော့ တော်တော်လေးသဘောကျမိတယ်။ Ice Creamမှာဆိုရင် အပေါ်က sprinkle လေးရယ်၊ Pocky sticks လေးရယ် topping အနေနဲ့ပါမယ်။ Ice cream အရသာကတော့ တော်တော်လေးကောင်းတယ်။ ပွပွကြီးဖြစ်မနေဘဲ condenseဖြစ်တာမို့ စားလို့ကောင်းတယ်။ အရသာကလည်းအရမ်းအီမနေတော့ တစ်ခုတည်းနဲ့တင် ‌ဝဝစားလို့ရတယ်။

Waffle Ice Cream (Taro + Blueberry) - 3500MMK

မင်မင်စောနကပြောဖို့မေ့သွားလို့ Ice cream အနေနဲ့ဆို Waffle Ice cream တစ်ခုမှာ Ice Cream 3လုံးပါတယ်ပေါ့နော်။ မတူညီတဲ့ အရသာ 3 မျိုးကိုယူလို့ရတယ်။ အရသာကတော့ တော်တော်လေးချိုတယ်။ Taro Ice cream ကိုတော့ တော်တော်လေးသဘောကျတယ်။ ဘာလို့ဆို စားလို့ကောင်းလို့ ဟိဟိ။

မာလာအာလူး - 1800MMK

မာလာအာလူးလေးကတော့ Air fryer နဲ့ကြော်ထားတာမို့ နည်းနည်းလေး‌ခြောက်ကပ်ကပ်လေးဖြစ်တယ်။ မာလာအရသာပေါ်လွယ်တယ်။ ဘေးအသားလေးတွေကြွပ်တယ်။

Strawberry Smoothie (L) - 3000MMK

Topping အနေနဲ့ whipped cream ၊ sprinkle နှင့် ဂျယ်လီလေးပါမယ်။ သောက်တောင်မသောက်ရက်ဘူး။ Strawberry အရသာလေးနဲ့ နည်းနည်းလေးချဉ်တယ်။ အရမ်းကြီးချိုတာမဟုတ်လို့သောက်လို့ကောင်းတယ်။

Bluenight Soda- 1500 MMK

Blueberry အရသာလေးနည်းနည်းရတယ်။ Soda ဖြစ်တဲ့အတွက် Soda ဘက်ကိုအသားပေးထားတယ်။ အနည်းငယ်လေးချဉ်တယ်။

az space Juice & Tea · Aung Theik Hti Rd, Yangon 11062, Myanmar (Birma)
★★★★★ · Smoothiewinkel

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

ရောင်းအားပြန်လည်မြင့်တက်လာသည့် iPhone

iPhone သည် ဧပြီလနှင့်မေလအတွင်း ကမ္ဘာတစ်ဝှမ်း ရောင်းအား 15% တိုးလာပြီး တရုတ်နိုင်ငံမှာ မေလအတွင် iPhone ရောင်းအား ထိပ်တန်းသို့ တက်လာခဲ့ကြောင်း Counterpoint Research မှအချက်အလက်များအရ