OpenAI ကနေ Mercury လို့ အမည်ရတဲ့ လျှို့ဝှက် AI Model ပရောဂျက်တစ်ခုပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒီ AI Model ပရောဂျက်ဟာ ငွေကြေးပိုင်းရာ ဘဏ္ဋာရေးလုပ်ငန်းတွေနဲ့ ပတ်သက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီပရောဂျက်အတွက် Wall Street ရဲ့ နာမည်ကြီးဘဏ်တွေဖြစ်တဲ့ JPMorgen Chase & Co. ၊ Morgan Stanley ၊ Goldman Sachs Group Inc. တို့ရဲ့ ဘဏ်ဝန်ထမ်းဟောင်း 100 ကျော်ကို ခေါ်ယူမှုတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဘဏ်ဝန်ထမ်းဟောင်းတွေသာမက Harvard နှင့် MIT ရဲ့ MBA ကျောင်းသားတွေတောင် ပါဝင်ကြပါတယ်။ ပရောဂျက်မှာ ပါဝင်သူတွေက တစ်နာရီကို ဒေါ်လာ 150 ခန့်အထိ ရကြတယ်လို့လည်း ဖော်ပြထားပါတယ်။

သူတို့အလုပ်က AI Model ကို ဘဏ်လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးတာရယ် Excel, PowerPoint တွေနဲ့ပတ်သက်တာတွေ သင်ကြားပေးတာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းအတွင်း Junior Analyst တွေ လုပ်ကိုင်ရတဲ့ လုပ်ငန်းစဉ်တွေကို ဦးစားပေးသင်ကြားရတာပါ။ တစ်နည်းအားဖြင့် Junior Analyst တွေနေရာမှာ AI နဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ ဆိုရမှာပါ။ OpenAI က ဘဏ်ဝန်ထမ်းဟောင်းတိုင်းကိုတော့ ခေါ်တာမဟုတ်။ AI Chatbot နဲ့ မေးမြန်းမှုတွေ Financial Statement တွေနဲ့ပတ်သက်တာတွေ လုပ်ခိုင်းတာတွေ ရှိပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး OpenAI ဟာ ဘဏ္ဋာရေးလုပ်ငန်းတွေမှာပါ ဝင်ရောက်စွတ်ဖက်လာတော့မှာလား။ AI နည်းပညာဟာ ဘဏ်လုပ်ငန်းတွေမှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာလား။ အငယ်တန်းဝန်ထမ်းတွေရဲ့ အလုပ်အကိုင်တွေက မှေးမှိန်လာတော့မှာလား။ စသဖြင့် ကောင်းသည် ဆိုးသည် မှတ်ချက်ပေးနေကြပါတယ်။ လောလောဆယ်တောင် Bank Slip အတုတွေ ထုတ်လာနိုင်တာဆိုတော့လည်း စိုးရိမ်ကြတာသိပ်တောမဆန်းဘူးပေါ့လေ..။