Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ realme GT 7

Battery 7000mAh ကြောင့်ဆိုတာထက် အဓိကအကြောင်းအရင်းက realme GT 7 က 24 နာရီလုံး ရုပ်ရှင်ဆက်တိုက်ကြည့်နိုင်အောင် အားခံတာကြောင့်လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စမတ်ဖုန်းဖြင့် ရုပ်ရှင်ကြည့်ချိန်အကြာဆုံး ဆိုတဲ့ Guinness World Record ရရှိခဲ့တာပဲဖြစ်ပါတယ်။ 

မကြာသေးခင်ကျင်းပခဲ့တဲ့ realme ရဲ့ “Endless Power Journey” ဆိုတဲ့  European cruise-based ပရိုမိုးရှင်းအစီအစဉ်မှာ realme GT7 နဲ့အတူ Livestream စလုပ်ခဲ့တာပါ။ 2025 မေ 22 ရက်ည 9:30 (IST) မှာ စလုပ်ခဲ့တာဖြစ်ပြီး 24 နာရီကြာတဲ့အချိန်မှာတော့ အပြီးသတ်ခဲ့ပြီး စံချိန်တင်ခြင်းအောင်မြင်ခဲ့တာပါ။ အဲ့ဒီနောက် မေလ 23 မှာတော့ Guinness ကိုယ်စားလှယ်တစ်ဦးက Guinness World Record အဖြစ် တရားဝင်အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ 

Realme ဘက်ကတော့ ဒီစံချိန်ဟာ GT7 မှာ ပါဝင်တဲ့ Battery 7000mAh နဲ့ 120W Fast Charge ကြောင့်လို့ ဆိုထားပြီး GT7 မှာ သုံးခဲ့တဲ့ ဘတ်ထရီဟာဆိုရင်လည်း TUV Rheinland မှ 5star Battery အဖြစ် လတ်မှတ်ရရှိခဲ့တာကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ 

နိုင်ငံတကာကို ဖြန့်ချိီမယ့် Realme GT 7 ကိုတော့ MediaTek Dimensity 9400e ကို အသုံးပြုထားပြီး Battery 7000mAh နဲ့ 120W Fast Charge တို့ပါဝင်ပါတယ်။ တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ GT 7 မှာတော့ MediaTek Dimensity 9400+ ကို အသုံးပြုထားပြီး Battery 7200mAh ပါဝင်ပါတယ်။ 

Read more

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

ကားပါကင်နေရာကြောင့် ပြဿနာတက်ရတဲ့ အကြောင်းတွေဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ မဆန်းပါဘူး။ ရန်ကုန်ရဲ့ လမ်းကျယ်၊ လမ်းသွယ်အစုံမှာ အုတ်ခဲ၊ ခုံ၊ သစ်သားတန်း၊ တစ်ခါ

ကွန်းဖရန့်လိဂ်ဖလားရယူပြီး ဥရောပဖလား(၃)ခုစလုံးကို ပိုင်ဆိုင်တဲ့ပထမဆုံးအသင်းဖြစ်လာတဲ့ ချယ်လ်ဆီး

ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ်(၁-၄)ချယ်လ်ဆီး ဥရောပဖလား(၃)လုံးအနကိ တတိယတန်းစားဖလားဖြစ်တဲ့ ကွန်းဖရန့်လိဂ်ဖလားကို ဒီရာသီမှာ ဥရောပအသင်းကြီးဖြစ်တဲ့ ချယ်လ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရီးရဲလ်ဘက်တစ် - ချယ်လ်ဆီး (29 May 2025/ 1:30 am) ချယ်လ်ဆီးက ကွန်းဖရန့်လိဂ် မှာ တန်းမတူဘဲ ဆင်းထိုးတဲ့ ဟဲဗီးဝိတ်လက်ဝှေ့သမားလိ

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

ဥရောပမှာအဆင်မပြေပေမဲ့ ဆော်ဒီမှာတော့အဆင်ပြေတယ်

Tesla သည်၎င်း ၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။ အဆိုပါ