New Year ညမှာ အကင်စားကြမယ်

New Year ညမှာ အကင်စားကြမယ်

ကဲ ဒီနေ့မှာတော့ Akhayar Team ကနေ ရုံးမှာပဲ ပျော်ပျော်ပါးပါးနဲ့ အကင်လုပ်စားခဲ့ကြတာဖြစ်ပြီး စားခဲ့တဲ့ အကင်က အရမ်း အရမ်းကို စားကောင်းလို့ အားလုံးကိုလည်း မျှဝေပေးချင်ပါတယ်။ New Year ညမှ အကင်လည်း စားချင်တယ် အလုပ်လည်း မရှုပ်ချင်တဲ့ သူတွေအတွက်ကတော့ ဒီ post လေးကို လုံးဝ မကျော်သင့်ပါဘူးနော်။

သူကလေ ကြက်သားလား ဝက်သားလား အကုန်အရသာရှိသလို ကင်ရလွယ်ကူပြီး ပေးရတဲ့ စျေးနဲ့လည်း တန်တာကြောင့် admin တို့ team ကတော့ အရမ်း သဘောကျပဲ။

အသားတွေက နူးညံ့နေပြီး အရသာလည်း သေချာနှပ်ပြီးသားဆိုတော့ အချဉ်တောင်မလိုပဲ ဒီတိုင်းစားရင်ကို တော်တော်အရသာရှိနေပြီ။

နောက်ပြီး အသားကင်တွေမှာမယ်ဆိုရင် သူ့ဆီမှာက raw ,half-cooked ဆိုပြီးပါ ရွေးလို့ရတယ်နော်။ admin တို့ကတော့ raw ကိုမှာစားဖြစ်ခဲ့ကြပါတယ်။ ဒါတောင် အချိန်အရမ်းမပေးရဘူးဆိုတော့ half-cooked ဆို တစ်ကယ် ခဏလေးပဲနေမှာမို့လို့ အချိန်အရမ်းမပေးချင်တဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။

သူက အချဉ်တော့မပါတော့ Admin တို့က city mart ကနေ သက်သက်ဝယ်စားခဲ့ကြပါတယ်။ အချဉ်ကိုမှ သူကလေ Satay sauce (Peanut sauce ) နဲ့ဆို အရမ်းကို စားကောင်းတာကြောင့် အချဉ်ဝယ်ရင် satay sauce လေးနဲ့ ဝယ်စားကြည့်ကြဖို့ အကြံပေးချင်ပါတယ်။

Admin ကတော့ စားခဲ့သမျှ အကင်တိုင်းကို ကြိုက်တာကြောင့် အားလုံးလည်း မှာစားကြည့်ချင်တယ်ဆို နောင်တမရမှာကလည်း အသေအချာပါပဲနော်။

နောက်ဆုံးမှာလည်း သေချာလေး ရွေးချယ်လို့ရအောင် menu card လေး ထည့်ပေးထားပါတယ်။

မှာယူနိုင်သော ဆိုင်နာမည်-

Beautiful Banquet
ဖုန်း-09799145081

hotpot ထဲ ထည့်ချင်လည်း စားကောင်းတယ်နော်။
Satay sauce လေးနဲ့ကတော့ အလိုက်ဖက်ဆုံး။
အသားတွေက လတ်ဆတ်နေရောပဲ။
Yummy
ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ အရသာကလည်း ကွက်တိ။

Read more

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ရဲ့ 15 ဘီလီယံတန် ရင်းနှီးမြုပ်နှံမှုက Scale အတွက် စိုးရိမ်စရာဖြစ်လာပြီလား

Meta ကနေ Scale AI အပေါ်  ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုပြီးတဲ့နောက်မှာ Scale AI ကိုအသုံးပြုနေတဲ့ အချို့ကုမ္ပဏီတွေအနေနဲ့ စဉ်းစားစရာအနေအထားမှာ ရောက်ရှိနေကြပါတယ်။  Google အနေနဲ့ Scale