'' Beetroot '' ကို စားသုံးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

'' Beetroot '' ကို စားသုံးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

''Beetroot'' ကို မြန်မာမှာတော့ ''သကြားမုန်လာ'' ဆိုပြီး ခေါ် ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ စားသုံးတဲ့သူ နည်းပြီး အခြားနိုင်ငံတွေမှာတော့ ဟင်းလျာတစ်ခုအနေနဲ့      စားသုံးကြသလို Juice အနေနဲ့လည်း သောက်ကြပါသေးတယ်။

Beetroot မှာ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်ဆိုတာကို ကျန်းမာရေးလိုက်စားတဲ့သူတွေကတော့ သိပြီးလောက်ပေမယ့် မသိသေးတဲ့ သူတွေအတွက် ပြောပြပေးချင်ပါတယ်။

1.သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

သူ့မှာ နိုက်ထရိုက်ဓာတ်ပါဝင်တဲ့အတွက်  Beetroot စားသုံးပြီး နာရီဝက်အတွင်းမှာပဲသွေးပေါင်ချိန်ထိန်းညှိပေးပြီး နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ သွေးတိုးခြင်း နဲ့ Heart Attack ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

2.သွေးအားနည်းရောဂါကိုကာကွယ်ပေးခြင်း

Beetroot မှာ သံဓာတ်များစွာပါဝင်တာကြောင့် သွေးအားနည်းတတ်တဲ့ သူတွေအတွက် အထူးကောင်းမွန်စေပါတယ်။သွေးအားနည်းခြင်းမှ ကာကွယ်ပေးတဲ့ အပြင် ပုံမှန်စားသောက်ပေးမယ် ဆိုရင် အသားအရည် ကိုလည်းစိုပြေစေလို့ အမျိုးသမီးများစားသုံးသင့်ပါတယ်။

3.ဦးနှောက်စွမ်းရည်ကိုကောင်းမွန်စေခြင်း

Beetroot သည် အောက်စီဂျင်ဝင်‌ရောက်မှုကို အထောက်အပံ့ပေးလို့ ဦးနှောက်စွမ်းရည်ကိုလည်း ကောင်းမွန်စေပါတယ်။အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းခြင်း နဲ့ အတိတ်မေ့‌ရောဂါကိုလဲကာကွယ်ပေးတဲ့အပြင် စဉ်းစားတွေးခေါ်မှုကိုလည်း သိသိသာသာ တိုးတက်စေပါတယ်။

4.အစာချေဖျက်မှုကောင်းမွန်ခြင်း

အစာမကြေဖြစ်တတ်တဲ့ သူတွေရှိတယ်ဆိုရင်တော့ Beetroot ကိုစားသုံးသင့်ပါတယ်။အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အစာချေဖျက်မှုကိုကောင်းစေပြီးဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပြည့်ဝတဲ့အတွက် အစားစားချင်စိတ်ကို လျော့နည်းစေတာမို့ Diet လုပ်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးပါပဲ။

#သတိထားရမှာတစ်ချက်ကတော့ Beetroot ကသကြားဓာတ်နဲ့ နိုက်ထရိုက်ပါဝင်မှုများတဲ့ အတွက် လိုတာထပ် ပိုပြီးမစားမိဖို့ လိုပါတယ်။အလွန်အကျွံစားမိပါက ခေါင်းမူးခြင်း၊အားအင်နည်းခြင်း တို့ဖြစ်နိုင်ပါတယ်။အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ Beetroot ကို အများကြီးမစားမိဖို့လိုအပ်ပါတယ်။

#beetroot #healthtips #benefits #akhyarlifestyle #juice

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ