၂၀၁၉ ခုနှစ် ကုန်ဆုံးဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပြီ ဖြစ်သလို နှစ်သစ်ကူး အချိန်အခါ သာမယကို ရောက်ရှိရန်လည်း အချိန် အနည်းငယ်သာ လိုအပ်ပါတော့တယ်။ နှစ်တစ်နှစ်နဲ့ ကုန်ဆုံးသွားပြီ ဖြစ်တာနဲ့အညီ ကျွန်တော်တို့ လူသားတွေ နေထိုင်လျက်ရှိတဲ့ ကမ္ဘာမြေကြီးဟာလည်း အနိမ့်၊ အမြင့်၊ အပြောင်းအလဲ၊ အတက်၊ အကျပေါင်းစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ယခင်အချိန်တွေတုန်းကတော့ ကမ္ဘာမြေကြီးပေါ်က တစ်နှစ်အတွင်း ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေကို သိရှိနိုင်ရန် အခက်အခဲတွေ ရှိခဲ့ပေမယ့်လည်း ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ ယနေ့ခေတ်မှာတော့ ကမ္ဘာ့တစ်ဝှမ်းမှ လူပေါင်းများစွာ ရိုက်ကူးထားတဲ့ ရုပ်ပုံကားချပ်တွေကနေ တစ်ဆင့် အလွယ်တကူ သိရှိနေနိုင်ပြီ ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးရဲ့ နေရာအနှံမှာ ဖြစ်ပျက်နေတဲ့ ထူးဆန့်အံ့အားသင့်ဖွယ် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ယနေ့အချိန်ကာလမှာ အင်တာနက်ကနေ တစ်ဆင့် အလွယ်တကူ ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကို ရုပ်ပုံကားချပ်တွေကနေ တစ်ဆင့် အသေးစိတ် လေ့လာကြည့်ရှု ကြည့်မယ်ဆိုရင် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုတွေ၊ လူအချင်းအချင်း မနာလို မုန်းတီးမှုတွေ၊ ကမ္ဘာတစ်ဝှမ်းမှ ပဋိပက္ခတွေ၊ အချို့သော လူသားတွေရဲ့ ရက်စက်ယုတ်မှုမာတွေကို မြင်တွေ့နိုင်မှာ ဖြစ်သလို ချစ်စဖွယ် အပြုံးတွေ၊ လူသားတွေရဲ့ နူးညံ့တဲ့ စိတ်နေစိတ်ထားတွေ၊ တိရစ္ဆာန်လေးတွေရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေ၊ ကမ္ဘာမြေကြီးရဲ့ သဘာဝ အလှတရားတွေကိုလည်း ရုပ်ပုံကားချပ်တွေကနေ တစ်ဆင့် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကို အမုန်းတရားတွေ၊ ကြေကွဲဝမ်းနည်းစရာတွေနဲ့ ဖြတ်သန်းသွားရတာမျိုး မဖြစ်စေရန် ဒါမှမဟုတ် ကြည်နူးမှုများနဲ့သာ ၂၀၁၉ ခုနှစ်ရဲ့ အဆုံးသတ် ကာလကို ဖြတ်သန်းနိုင်စေရန် အတွက် ကမ္ဘာတစ်ဝှမ်းမှ ချစ်စရာ၊ စိတ်နှလုံးကြည်နူးဖွယ်ရာ၊ အမှတ်တရဖြစ်ဖွယ်ရာ ရုပ်ပုံကားချပ်လေးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

















































Discussion