ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာယူ-၁၉ အသင်းလို တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ဘာစီလိုနာအမျိုးသား/အမျိုးသမီးအသင်းတွေရယူနိုင်မလား

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်ညာနောက်ခံလူဟောင်း ဘယ်လက်တီကိုင်တွယ်နေတဲ့ ဘာစီလိုနာယူ-၁၉ လူငယ်အသင်းက ဒီရာသီမှာဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး သမိုင်းမှတ်တိုင်သစ်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာယူ-၁၉ အသင်းဟာ ဒီရာသီ စပိန်လူငယ်အမှတ်ပေးပြိုင်ပွဲ(Division de Honor)၊ စပိန်ဘုရင့်ဖလားလူငယ်ပြိုင်ပွဲ(Copa del Rey Juvenil de Futbol)၊ ဥရောပလူငယ်လိဂ်ပြိုင်ပွဲ(UEFA Youth League) တွေမှာ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့တာပါ။

စပိန်ဘုရင့်ဖလားလူငယ်ပြိုင်ပွဲဗိုလ်လုပွဲမှာ ဇာရာဂိုဇာအသင်းကို (၅-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့သလို၊ ဥရောပလူငယ်လိဂ်ဗိုလ်လုပွဲမှာ ထရာဇွန်စပေါ်လူငယ်အသင်းကို (၄-၁)ဂိုးနဲ့အနိုင်ယူဗိုလ်စွဲခဲ့တာပါ။

ဘယ်လက်တီရဲ့လူငယ် ယူ-၁၉ အသင်းက ဒီရာသီမှာ တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ရယူနိုင်ခဲ့သလို ဘာစီလိုနာအသင်းကြီး (အမျိုးသားအသင်း)နဲ့ ဘာစီလိုနာအမျိုးသမီးအသင်း(FC Barcelona Femení)တို့ကလည်း တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မယ့်လမ်းကြောင်းပေါ်မှာရှိနေပါတယ်။

ဘာစီလိုနာအသင်းက လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ရမှတ်(၄)မှတ်ဖြတ်ပြီး ထိပ်ဆုံးကဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နေပြီး ပထမအကျော့မှာ အင်တာမီလန်နဲ့(၃-၃)ဂိုးစီသရေကျထားပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ စပိန်ဘုရင့်ဖလားချန်ပီယံဆုကို ရယူထားပြီး ကျန်ဖလား(၂)လုံးရဖို့သာကြိုးစားရမှာပါ။

ဘာစီလိုနာအမျိုးသမီးအသင်းကလည်း အမှတ်ပေးပြိုင်ပွဲ (Liga F) မှာ ဘာစီလိုနာအမျိုးသားအသင်းလိုပဲ ရီးရဲလ်မက်ဒရစ်အသင်းကို ရမှတ်(၄)မှတ်ဖြတ်ဦးဆောင်နေပြီး စပိန်အမျိုးသမီးရှုံးထွက်ဖလားပြိုင်ပွဲ(Copa de la Reina)နဲ့ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ(UEFA Women's Champions League)မှာဗိုလ်လုပွဲတွေကို တက်ရောက်နေပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းဟာ စပိန်အမျိုးသမီးရှုံးထွက်ဖလားဗိုလ်လုပွဲမှာ အက်သလက်တီကိုအမျိုးသမီးအသင်း၊ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အမျိုးသမီးအသင်းတို့နဲ့ ရင်ဆိုင်ရမှာပါ။

ဒါကြောင့် ဘာစီလိုနာအမျိုးသား၊ အမျိုးသမီးအသင်းတွေအနေနဲ့ ဒီရာသီမှာ တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးကို ရယူပြီး ဘာစီလိုနာယူ-၁၉ အသင်းလို ဖလား(၃)လုံးချန်ပီယံအဖြစ်အောင်ပွဲခံနိုင်မလားဆိုတာ လက်ကျန်ပွဲအနည်းငယ်မှာ အဖြေထွက်ပေါ်လာမှာပါ။ တကယ်လို့ (၃)သင်းစလုံး တန်ဖိုးအမြင့်ဆုံးဖလား(၃)လုံးစီနဲ့ အောင်ပွဲခံနိုင်ခဲ့ရင်တော့ ဘာစီလိုနာအသင်းသမိုင်းမှာ တစ်ကြိမ်တစ်ခါမှမရှိဖူးတဲ့ Treble (၃)သင်းအောင်ပွဲအဖြစ် မော်ကွန်းသစ်ရေးထိုးမှာဖြစ်ပါတယ်။

Read more

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ရမှတ်(၁၀၀)ရယူပြီး ဂိုးကွာခြားချက်အသာနဲ့ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ်(၁၀၀)နဲ့အထက်ရတဲ့အသင်းတွေအရင်က ရှိခဲ့ဖူးပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆန်းဒါးလန်းအသင်းက (၁၀၅)မှတ်အထိရယူကာစံချိန်တင်ခဲ့ပြီး ဒီစံချိန်ကို ၂၀၀၆ ခု

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

လမ်းတစ်လမ်းပဲခြားတဲ့ ပါရီမြို့ခံအသင်း(၂)သင်း

ပြင်သစ်ကလပ် PSG အသင်းက ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့ကို ကိုယ်စားပြုတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နေတာအတော်ကြာခဲ့ပါပြီ။ လာမယ့

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

အယ်လ်ဟီလယ်အသင်းနဲ့ ပေါ်တူဂီလူမျိုးနည်းပြဂျော့ခ်ျဂျီးဆပ် နှစ်ဦးသဘောတူလမ်းခွဲ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဖြစ်သူ ဂျော့ခ်ျဂျီးဆပ်စ်နဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အယ်

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (ဘွန်ဒစ်လီဂါ) (3 May 2025/ 8:00 pm) ဒီပွဲက ဘိုင်ယန်မြူးနစ်အတွက် ဒီရာသီဘွန်ဒစ်လီဂါချန်ပီယံအဖြစ် အောင်ပွဲခံခွ