ဒီမေးခွန်းကို Samsung Electronics ရဲ့ ဥက္ကဌ Lee Jay‑young ကိုယ်တိုင် မေးခဲ့တာပါ။ ဘယ်မှာလဲဆိုတော့ Nvidia CEO Jensen Huang နဲ့အတူ တွေ့ဆုံပွဲတစ်ခုတက်ရောက်ခဲ့စဉ်က ဖြစ်ပါတယ်။
Samsung Electronics ရဲ့ ဥက္ကဌ Lee Jay‑young က ပရိတ်သတ်အများစုဟာ iPhone နဲ့ ရိုက်ကူးနေတာကို သတိထားမိခဲ့ပြီးနောက် ပရိတ်သတ်ဖက်လှည့်ပြီး “Thank you, but... why are there so many iPhones?” ဆိုပြီး ဟာသနှောပြီး မေးခဲ့တာဖြစ်ပြီး အတော်လေးလည်း ပွဲကျသွားခဲ့သလို အင်တာနက်ပေါ်မှာလည်း လူပြောများတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီသတင်းပြီးနောက် Samsung Electronics ရဲ့ ဥက္ကဌ Lee Jay‑young နဲ့အတူ Nvidia CEO Jensen Hunag နဲ့ Hyundai Motor Group ဥက္ကဌ Chung Eui-sun တို့ရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားမှု အတော်လေးမြင့်တက်ခဲ့တဲ့အပြင် သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးရဲ့ စတော့ရှယ်ယာတွေလည်း မြင့်တက်မှုတွေ ရှိခဲ့ပါတယ်။
Discussion