ဘာမှမပါလာတဲ့ ဒေါ်လာ ၂ သောင်းတန် လျှပ်စစ်ကား

ဘာမှမပါလာတဲ့ ဒေါ်လာ ၂ သောင်းတန် လျှပ်စစ်ကား

ဒီလျှပ်စစ်ကားမှာက အပေါ်မှာပြောသလိုပဲ ကားဘော်ဒီကို ဆေးမမှုတ်ထားဘူး၊ ကားအတွင်းပိုင်းမှာလည်း Touchscreen တို့ Power Windows တို့မပါဘူး၊  စပီကာမပါဘူး၊ ရေဒီယို ကက်ဆက်တွေမပါပါဘူး။ အမေရိကန်ရဲ့ အသက်သာဆုံး လျှပ်စစ်ကားအဖြစ် ရောင်းချသွားမှာဖြစ်ပြီး ဒီလျှပ်စစ်ကားရဲ့မူရင်းဈေးက ဒေါ်လာ 27,500 ဈေးနှုန်းရှိပါတယ်။ 

ဒီလျှပ်စစ်ကားက Amazon CEO Jeff Bezos ရဲ့ ကားကုမ္ပဏီလို့လည်း ဖော်ပြထားတယ်။ ကုမ္ပဏီနာမည်က Slate Auto ဖြစ်ပြီး ဒီလျှပ်စစ်ကားက ကုမ္ပဏီရဲ့ ပထမဆုံးကားပါ။ Slate Truck လို့ နာမည်ပေးထားတယ်။ နောက်ပြီး အင်တာနက်ပေါ်မှာတော့ Tesla ကို ပြိုင်ဖို့အတွက် ထုတ်ထားတာလို့လည်း ဆိုထားကြတယ်။ 

ဒီကားက ဘာမှမပါဘူးဆိုတာထက် Customize စိတ်ကြိုက်လုပ်ဖို့အတွက် ထုတ်ထားတယ်လို့ပဲ ဆိုရမယ့်ပုံပါ။ သူက Pickup ပုံစံကနေ SUV ပုံစံကို အလွယ်တူပြောင်းနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုတယ်။ တစ်ခုရှိတာက ပြောင်းချင်ရင်တော့ အပိုပစ္စည်းတွေ ထပ်ဝယ်ရမှာပါ။ ဒါကြောင့်လည်း ဈေးသက်သာတာလားတော့မသိ။ မြို့တွင်းပဲ မောင်းဖို့ အဆင်ပြေတယ်။ မိုင် 150 ဝန်းကျင်လောက်အထိသွားနိုင်တယ်။ 

မူရင်းဈေးက ဒေါ်လာ 27,500 ဆိုပေမဲ့ လောလောဆယ်တော့ US ကနေ လျှပ်စစ်ကားတွေအတွက် အခွန်လျော့ချမှုကြောင့် ဒေါ်လာ ၂ သောင်းနဲ့ ဝယ်ယူနိုင်မှာပါ။ လက်ရှိတော့ တော်တော်လေး စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ ဆိုရမှာပါ။ ဘာလို့ဆို Tesla၊ Ford၊ Rivian တို့ထက် ဈေးနှုန်းက ၃ဆ ၄ဆ နီးပါး သက်သာလို့ပါပဲ။ 

Read more

Barcelona  (3 -3) Inter Milan  UEFA Champions League (Semi Final/1st leg)  Highlight

Barcelona (3 -3) Inter Milan UEFA Champions League (Semi Final/1st leg) Highlight

0:00 /0:39 1× ■ Video - မနေ့ကကစားခဲ့တဲ့ ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ ဘာစီလိုနာ (၃-၃)အင်တာမီလန်ပွဲမှာ အင်တာမီလန်အသင်းအတွက် သူရမ်ရဲ့နောက်ပေါက်ဂိုး(၁ မိ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားခဲ့ရပြီး သရေကျခဲ့တဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) ဘာစီလိုနာ (၃-၃)အင်တာမီလန် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)က ဒီနှစ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်

ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။ လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘာစီလိုနာ - အင်တာမီလန် (1 May 2025/ 1:30 am) ဘာစီလိုနာက လာလီဂါဇယားထိပ်ဆုံးမှာ လက်ရှိချန်ပီယံရီးရဲလ်မက်