ဘောလုံးချစ်သူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ တိုက်ရိုက် (Live) ပွဲစဉ်များကို သက်သာသောနှုန်းများဖြင့် “EPL Ballonet Pack” ဖြင့် ကြည့်ရှုနိုင်မည်

ဘောလုံးချစ်သူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ တိုက်ရိုက် (Live) ပွဲစဉ်များကို သက်သာသောနှုန်းများဖြင့် “EPL Ballonet Pack” ဖြင့် ကြည့်ရှုနိုင်မည်

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်) – မြန်မာနိုင်ငံရှိ ဘောလုံးချစ်သူများအားလုံးအတွက် အင်္ဂလိပ်ပရီးမီးယားလိဂ် ၂၀၂၂-၂၀၂၃ တိုက်ရိုက် (Live) ပွဲစဥ်များကို MPT မိုဘိုင်းလ်ကွန်ရက်ဖြင့် MPT IPTV မှတစ်ဆင့် စာရင်းသွင်းခ ပေးရန်မလိုဘဲ သက်သာသောနှုန်းထားဖြင့် အချိန်မရွေး နေရာမရွေးကြည့်ရှုနိုင်မည့် “EPL Ballone Pack” ကို MPT မှ မိတ်ဆက်လိုက်ပါသည်။ ထို့အပြင် အချိန်မအားလပ်၍ တိုက်ရိုက်ပွဲစဥ်များကို မကြည့်ရှုနိုင်ပါကလည်း Goals of the week, Goal Rush နှင့် EPL review များကို “MPT IPTV” ပေါ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) သည် ကမ္ဘာပေါ်ရှိ ဘောလုံးကလပ် အသင်းပြိုင်ပွဲများတွင် နာမည်ကြီး ကစားသမားများပါဝင်သည့် အသင်းပေါင်းများစွာ နှင့် ယှဉ်ပြိုင်မှုအပြင်းထန်ဆုံး ဘောလုံး ပြိုင်ပွဲတစ်ခု ဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် (EPL) တိုက်ရိုက်ပွဲစဉ်များကို MPT IPTV ပေါ်တွင် (SKYNET ရုပ်သံလိုင်းများဖြစ်သည့်- SPORTS 6 (၂၄ နာရီ ၇ရက်ပတ်လုံး)၊ SPORTS 1၊ SPORTS 2၊ SPORTS 3၊ SPORTS 4၊ SPORTS 5) တို့မှတစ်ဆင့် ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။
“EPL Ballone Pack” သည် MPT IPTV ဝန်ဆောင်မှုအတွက်သာဖြစ်ပြီး ဘောလုံးချစ်သူများ သုံးစွဲရလွယ်ကူအဆင်ပြေစေရန် နှင့် ကုန်ကျစရိတ်ပိုမိုသက်သာမှုရှိစေရန် အတွက်ယခုလိုဆောင်ရွက် ပေးထားခြင်းဖြစ်ပါသည်။ “EPL Ballone Pack” အား အမျိုးအစား (၂) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေဖြင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ယခုပက်ကေ့ချ်အား ဖေဖော်ဝါရီလ ၉ ရက် မှ နောက်ထပ် ထပ်မံကြေညာချက် မထုတ်ပြန်မီအထိ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

                               

                                     “MPT IPTV” သည် သုံးစွဲရလွယ်ကူသော အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Android နှင့် iOS အက်ပလီကေးရှင်း နှစ်ခုလုံးတွင် အသုံးပြုနိုင်သည်။ သုံးစွဲသူများအနေဖြင့် MPT IPTV ကို အောက်ပါ နည်းလမ်းများအတိုင်း ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။၁။ https://iptv.mpt.com.mm/#/ (mobile browser ဖြင့် ဝင်ရောက်ရန်)
၂။ USSD *7373# သို့ ခေါ်ဆို၍ ရယူနိုင်ခြင်း
၃။ MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဗားရှင်းမှတစ်ဆင့် ဝန်ဆောင်မှု သင်္ကေတများပေါ်တွင် ပြသထားသည့် “MPT IPTV” သင်္ကေတကို နှိပ်ခြင်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း
၄။ လိုတရ ဝက်ဘ်ပေါ်တယ်မှ ဒေါင်းလုတ်လုပ်၍ ရယူခြင်း- https://lotaya.mpt.com.mm/event/268MPT IPTV တွင် ထင်ရှားသော ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းများ၊ တီဗွီရုပ်သံလိုင်းများ အပါအဝင် နာမည်ကြီး ပြည်တွင်းနှင့် မြန်မာစာတမ်းထိုး ပြည်ပရုပ်ရှင်များ၊ ဒရာမာရှိုးများ၊ မှတ်တမ်းရုပ်ရှင်များ နှင့် ကလေးများအတွက် အစီအစဉ်များစွာ ပါဝင်ပါသည်။ သုံးစွဲသူများသည် MPT IPTV မှတစ်ဆင့် “EPL Ballone Pack” ကို အသုံးပြုပြီး အဆိုပါရုပ်သံလိုင်းအစီအစဥ်များကို မိသားစုများ သို့မဟုတ် သူငယ်ချင်းများနှင့်အတူ ကြည့်ရှုရင်း စိတ်လှုူပ်ရှားပျော်ရွှင်ဖွယ်အချိန်များကို ခံစားနိုင်မည်ဖြစ်သည်။MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT IPTV အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်