ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဗြိတိန်က ဘောလုံးပွဲတွေမှာ ကွင်းအတွင်း အယ်လ်ကိုဟောပါဝင်တဲ့ ယမကာ(အဓိကအားဖြင့် ဘီယာ)သောက်သုံးခွင့်ပိတ်ပင်ထားတာကို ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်လွှတ်တော်အမတ်တစ်ဦးက ပါလီမန်ထဲမှာ တရားဝင်တင်ပြတောင်းဆိုလိုက်ပါတယ်။

၁၉၈၀ ကျော်ခုနှစ်တွေက ဗြိတိန်လူရမ်းကားပရိသတ်တွေဆိုးသွမ်းမှုကြောင့် လူပေါင်းများစွာသေဆုံးခဲ့ရတဲ့ ဟေးဘရော့ဖြစ်ရပ်ဆိုး၊ ဟေဆယ်လ်ဖြစ်ရပ်ဆိုးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က အင်္ဂလန်ကလပ်တွေကို ဥရောပပြိုင်ပွဲတွေဝင်ခွင့်(၅)နှစ်ပိတ်ပင်ခဲ့သလို၊ ဗြိတိန်အစိုးရကလည်း ဘောလုံးကွင်းတွေမှာ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာ သောက်စားခွင့်ကို ပိတ်ပင်ခဲ့တာပါ။

အခုအချိန်အထိ နှစ်ပေါင်း(၄၀)ကျော်ကြာမြင့်လာတဲ့တိုင်အောင် ဒီဥပဒေက တည်မြဲနေတာကြောင့် ဗြိတိန်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ လုခ်ချာတာက ပါလီမန်ထဲမှာ ဘောလုံးကွင်းအတွင်း အရက်ယမကာပြန်လည် ခွင့်ပြုသင့်ပြီဖြစ်ကြောင်း တင်ပြခဲ့တာပါ။

''ဘောလုံးကွင်းထဲမှာ အယ်လ်ကိုဟောပါဝင်တဲ့ ယမကာတွေကို တားဆီးပိတ်ပင်ထားတာ နှစ်ပေါင်း(၄၀)ရှိလာခဲ့ပါပြီ။ ခေတ်သစ်ဘောလုံးလောကကို ခေတ်အမြင်နဲ့ပဲ ချဉ်းကပ်သင့်ပါတယ်။ ဘောလုံးလူရမ်းကားပရိသတ်တွေသောင်းကျန်းတဲ့ခေတ်တစ်ခတ်က ကုန်ဆုံးသွားခဲ့ပါပြီ။ အခြားအားကစားနည်းတွေမှာ ပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ယမကာသောက်သုံးခွင့်ရှိပါတယ်။ ဘောလုံးပရိသတ်တွေမှာတော့ အခွင့်အရေးမရှိပါဘူး။ ယမကာသောက်စားတတ်သူတွေအတွက် သီးသန့်နေရာတွေ သတ်မှတ်ပေးပြီး သောက်သုံးခွင့်ပေးတာက စိတ်ဝင်စားစရာကောင်းတဲ့အိုင်ဒီယာတစ်ခုပါ"လို့ လုခ်ချာတာက အရက်သမားပရိသတ်ထုကြီးကိုယ်စား ပါလီမန်ထဲမှာ တင်ပြခဲ့တာဖြစ်ပါတယ်။

ပါလီမန်ထဲမှာ ဗြိတိန်လွှတ်တော်အမတ်လုခ်ချာတာက အယ်လ်ကိုဟောပါဝင်တဲ့ ယမကာပြန်လည်ခွင့်ပြုဖို့တင်ပြခဲ့တာကို ဆွေးနွေးခဲ့သလို ဗြိတိန်ဘောလုံးပွဲတွေမှာ လက်မှတ်စျေးနှုန်းကြီးမြင့်လာမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

Read more

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါ ရောင်လည်စည်းပုဝါတွေ အခမဲ့ပေ

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသမားတွေ ဂိုးဖန်တီးမှုစံချိန်တင်တဲ့ရာသီ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသမားတွေ ဂိုးဖန်တီးမှုစံချိန်တင်တဲ့ရာသီ

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နော်တင်ဟမ်ဖောရက်စ်(၀-၂)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်ကွင်းလယ်တိုက်စစ်ကစားသမားဝစ်ဆာ သွင်းယူခဲ့တဲ့ဂိုးက ဘရန့်ဖို့ဒ်ဂိုးသမားမာ