ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူကာ ဆုဖလားမရရှိသေးတဲ့ ကျိန်စာကိုအဆုံးသတ်နိုင်ခဲ့တဲ့ အသင်းဖော်ဟောင်းဟာရီကိန်းကို သူဂုဏ်ပြုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးဆုဖလားဖြစ်တဲ့ ဘွန်ဒစ်လီဂါဖလားကို ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်ဟာရီကိန်းနဲ့ စပါးအသင်းမှာ (၈)နှစ်ကြာအတူတွဲကစားခဲ့ပြီး ဆုဖလားအောင်မြင်မှုမရရှိခဲ့ကြတာဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီကာလတွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲတက်နိုင်ခဲ့ကြပေမယ့် ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ဆုဖလားရယူနိုင်ခဲ့တဲ့အတွက် ဆွန်ဟောင်မင်က ဆက်သွယ်ပြီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်က "ကျွန်တော်ဟာရီကိန်းကို စာပို့ခဲ့ပြီး သူက Video call ပြန်ခေါ်ပါတယ်။ သူပျော်နေတာကို မြင်ရတဲ့အတွက် ကျွန်တော်အလွန်ပျော်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေထဲက တစ်ဦးဖြစ်သလို အသင်းဖော်ဟောင်းလည်းဖြစ်တဲ့အတွက် သူပျော်နေတာကို မြင်တွေ့ရတာဝမ်းသာပါတယ်။ ဒီလိုအပေါင်းလက္ခဏာဆောင်တဲ့စွမ်းအင်နဲ့ စပါးအသင်းကို ပွဲတွေမှာ ပံ့ပိုးပေးနိုင်ဖို့မျှော်လင့်တယ်"လို့ The Guardian ကိုဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်အနေနဲ့လည်း ဟာရီကိန်းလိုပဲ စပါးအသင်းမှာ ဆုဖလားမရရှိသေးတာကို အဆုံးသတ်ဖို့ အခွင့်အရေးရှိနေတာပါ။ ဒါကတော့ စပါးအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် (၁၇)နှစ်ကြာဆုဖလားရဖို့ စောင့်ဆိုင်းနေရတာကို အဆုံးသတ်နိုင်မှာဖြစ်တဲ့အပြင် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Read more

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်နဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေတို့ ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်ပြီးမကစားဖိ

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်က ရလဒ်တွေဆိုးနေတဲ့အသင်းကို လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ပြ

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ လုပ်ပွဲအရှုပ်တော်ပုံမှာပါဝင်ခဲ့မှုကြောင့် ပွဲပယ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်ဒိုင်လူကြီး ဖိလစ်ဇွာယာကို မန်ယူနိုက်တက်-စပါး ယူရိုပါလိ

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

မူလက စီစဉ်ထားသည်ထက်စောပြီး ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက် တွင်ပိတ်သိမ်းရန် စီစဉ်ထားသည့် Bill & Melinda Gates Foundation သို့ လက်ရှိ ပိုင်ဆိုင်မှု ၏ ၉၉% ဖြစ်သော ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကိ