ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်-ဖီအိုရမ်တီးနားပွဲစဉ်မှာ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို အန်တိုနီသွင်းယူ

ဘက်တစ်အသင်းက ဖီအိုရမ်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီဟာ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဖီအိုရမ်တီးနားအသင်းကတောင် လေးစားမှုပေးရတဲ့အထိ လှပတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘက်တစ်အသင်းကို မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြနေတဲ့ အန်တိုနီဟာ ဒီပွဲရဲ့ပွဲချိန်(၆၃)မိနစ်မှာ ဖီအိုရမ်တီးနားအသင်းရဲ့ဂိုးဧရိယာအပြင်ဘက်ကနေ အားပါတဲ့ ညာခြေကန်ချက်နဲ့ လှပတဲ့သွင်းဂိုးကို သွင်းယူခဲ့တာပါ။

0:00
/0:14

အန်တိုနီဂိုးသွင်းယူအပြီးမှာ ဖီအိုရမ်တီးနားအသင်းမီဒီယာအဖွဲ့ဟာ အန်တိုနီဂိုးသွင်းပြီးအောင်ပွဲခံနေတဲ့ပုံနဲ့အတူ "အန်တိုနီရဲ့အလွန်ကောင်းမွန်တဲ့သွင်းဂိုး"လို့ စာရေးသားဖော်ပြပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက အန်တိုနီရဲ့သွင်းဂိုးကို လေးစားမှုပေးခဲ့တဲ့ ဖီအိုရမ်တီးနားအသင်းရဲ့ပြုမူပုံကို သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ထပ်ဆင့်ချီးကျုးရေးသားမှုတွေပြုလုပ်ခဲ့ကြတာပါ။

အသက်(၂၅)နှစ်အရွယ်ရှိ အန်တိုနီဟာ ဘက်တစ်အသင်းအတွက် (၁၉)ပွဲပါဝင်ကစားထားအပြီးမှာ (၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားပါတယ်။ အန်တိုနီဟာ မန်ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်က ပွဲပေါင်း(၇၂)ပွဲကစားပြီးမှသာ ဂိုးပါဝင်ပတ်သက်မှု(၁၀)ဂိုးရှိခဲ့တာပါ။ ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီကို ဘက်တစ်အသင်းက အငှားစာချုပ်ထပ်ပြီးတိုးချင်နေပေမယ့် မန်ယူနိုက်တက်အသင်းက သူ့ကို အပြီးသတ်ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်။

ဘက်တစ်အသင်းဟာ ဖီအိုရမ်တီးနားအသင်းအိမ်ကွင်းမှာကစားမယ့် ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ သရေကျတာနဲ့ ဗိုလ်လုပွဲတက်မှာဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

Read more

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

ချန်ပီယံ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ချယ်လ်ဆီးအသင်းကြိုဆိုမယ်လို့ နည်းပြမာရက်စ်ကာ အတည်ပြု

လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် ချယ်လ်ဆီး- လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲမစတင်မီ ချန်ပီယံ လီဗာပူးလ်အသင်း ကွင်းအတွင်းဝင်ရောက်လာချိန်မှာ ချယ်လ်ဆီးအသင်

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

အခမဲ့ပေးဝေခဲ့ပေမယ့် မြန်မာငွေ(၂၄)သိန်းခန့် တန်ကြေးရှိနေတဲ့လိဒ်စ်အသင်းလည်စည်းပုဝါ

ပြီးခဲ့တဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်(၄-၀)ဘရစ္စတိုးလ်စီးတီးပွဲမှာ လိဒ်စ်အသင်းက ပွဲလာကြည့်တဲ့ပရိသတ်တိုင်းကို အဝါ ရောင်လည်စည်းပုဝါတွေ အခမဲ့ပေ

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

သေဆုံးသွားရင် အချိန်အကြာကြီးအနားယူရမယ်လို့ဆိုခဲ့ပြီး အနားယူဖို့ပြောဆိုမှုတွေကို ဘရူနိုဖာနန်ဒက်စ်တုံ့ပြန်

မန်ယူနိုက်တက်အသင်းက ဘီလ်ဘာအိုအသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့တဲ့ အသင်းခေ

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဘောလုံးပွဲတွေမှာ ပရိသတ်တွေကို ယမကာသောက်သုံးခွင့် ပြန်ပေးဖို့တောင်းဆိုလိုက်တဲ့ ဗြိတိန်အမတ်

ဗြိတိန်က ဘောလုံးပွဲတွေမှာ ကွင်းအတွင်း အယ်လ်ကိုဟောပါဝင်တဲ့ ယမကာ(အဓိကအားဖြင့် ဘီယာ)သောက်သုံးခွင့်ပိတ်ပင်ထားတာကို ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်လွှတ်