ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းမှာကစားခဲ့တဲ့ (၂)နှစ်ခွဲကာလအတွင်းမှာ အခက်အခဲအများအပြားကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာတော့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာပါ။

အန်တိုနီဟာ မန်ယူနိုက်တက်အသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၉၆)ပွဲမှာ (၁၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၅)ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အန်တိုနီဟာ ဘက်တစ်အသင်းအတွက် ပွဲပေါင်း(၂၀)ပါဝင်ကစားထားအပြီးမှာ (၇)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ထားတာပါ။ ဘက်တစ်အသင်းဟာ အန်တိုနီကို နောက်ထပ်တစ်ရာသီအငှားစာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေသလို အက်သလက်တီကိုမက်ဒရစ်အသင်းက သူ့ကိုအပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အန်တိုနီက "ဘက်တစ်အသင်းကို လာတာက ကျွန်တော်လုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ပျော်ရွှင်ပါတယ်။ ပျော်ရွှင်တဲ့အချိန်မှာ အရာအားလုံးက အဆင်ပြေသွားတယ်"လို့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

အန်တိုနီနဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ (၂)နှစ်ကျန်ရှိနေသေးပြီး သူ့ရဲ့အနာဂတ် မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိမလားဆိုတာ‌တော့ မသေချာပါဘူး။ အန်တိုနီကတော့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောဖို့စောသေးပြီး ဒီမှာအလွန်ပျော်ရွှင်နေတယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ဘက်တစ်အသင်းဟာ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)မှာ ဖီအိုရမ်တီးနားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိထားပြီး လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၅)နေရာက ဗီလာရီးရဲလ်အသင်းနဲ့ (၁)မှတ်အကွာ အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Read more

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

လီဗာပူးလ်အသင်းကို အာဆင်နယ်အသင်း Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ အတည်ပြု

အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချန်ပီယံလီဗာပူးလ်အသင်းကို Guard of honour နဲ့ ကြိုဆိုမယ်လို့ နည်းပြအာတီတာ

PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

PC နဲ့ Laptop တွေမှာပါ သုံးလို့ရတော့မယ့် Huawei ရဲ့Harmony OS

Huawei ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကတော့ တဖြည်းဖြည်းနယ်မြေချဲ့ထွင်မှုကတော့ အတော်လေးအားကောင်းနေတယ်လို့ ဆိုရမှာပါပဲ။ မနှစ်ကပဲ Huawei ရဲ့ စမတ်ဖုန်းနဲ့ Tablet မော်ဒယ်အချို့မှာ Harmony

ဧပြီလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ မက်အလစ္စတာနဲ့ ဗစ်တော်ပါရဲရား

ဧပြီလအတွက် တစ်လတာအကောင်းဆုံးဆုတွေကို ဆွတ်ခူးခဲ့တဲ့ မက်အလစ္စတာနဲ့ ဗစ်တော်ပါရဲရား

ပြီးခဲ့တဲ့ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုတွေကို ပုံမှန်အတိုင်းချီးမြှင့်ခဲ့ရာမှာ လီဗာပူးလ်ကွင်းလယ်လူမက်အလစ္စတာက အကောင်းဆုံးကစားသမားဆုကို ချ

Samsung ရဲ့FE Model အတွက်ကောလာဟလအချို့

Samsung ရဲ့FE Model အတွက်ကောလာဟလအချို့

Samsung ၏ Galaxy S24 FE ကို 2024 အောက်တိုဘာလတွင် ထွက်ရှိထားခဲ့ပြီး S25 FE အတွက်ကောလဟာလများအချို့လဲထွက်ပေါ်လာသည်။ထွက်ပေါ်လာသည့်ထဲမှအများစိတ်ဝင်စားနေတာကတော့ chipset အပိုင်