ဘင်္ဂလားဒေ့ရှ် မှာ Starlink သုံးလို့ရပြီ

ဘင်္ဂလားဒေ့ရှ်တွင် SpaceX ၏ Starlink မြန်နှုန်းမြင့် ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို တရားဝင် စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံတစ်ဝန်းချိတ်ဆက်ကာစတင်အသုံးပြုနိုင်ပြီဖြစ်သည်။

နိုင်ငံရေးမငြိမ်သက်မှုများနှင့် ၀န်ကြီးချုပ် Sheikh Hasina ထွက်ခွာသွားပြီးနောက် ယာယီခေါင်းဆောင် Muhammad Yunus ​၏ဆောင်ရွက်ချက်လို့လဲသိရသည်။

လစဉ်ကြေး 4,200 taka နှင့် 47,000 taka setup cost တို့ဖြင့် Starlink သည်ယခင်အင်တာနက်ပြတ်တောက်ခြင်းများအတွက် တည်ငြိမ်သောလိုင်းတစ်ခုအနေဖြင့်ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့သည်။ Starlink က ဂြိုဟ်တုအခြေခံထားသည့်ကွန်ရက်ဖြစ်သဖြင့်နိုင်ငံရေးနှောက်ယှက်မှုကို တွန်းလှန်ရန် ပိုသင့်တော်ကြောင်း Yunus ကအလေးပေးပြောကြားခဲ့သည်။

ယခုအခါ နိုင်ငံပေါင်း 70 ကျော်တွင်အသုံးပြုလျှက်ရှိပြီး Starlink သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ ဈေးကွက်သစ်များတွင် ဆက်လက်တိုးချဲ့လျက်ရှိသည်။