ဘရိုက်တန်အသင်းဟာ သူတို့ရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ ဒေးဗစ် ဝီးယား (David Weir) နဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။


အသက် ၅၅ နှစ်အရွယ်ရှိ ဝီးယားဟာ ၂၀၂၂ ခုနှစ် မေလမှာ Dan Ashworth ရဲ့နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး အဓိကအားဖြင့် ကစားသမားခေါ်ယူရေးကို တာဝန်ယူခဲ့ပါတယ် ။ သူဟာ ၂၀၁၈ ခုနှစ်မှာ အငှားကစားသမားများဆိုင်ရာမန်နေဂျာအဖြစ် ဘရိုက်တန်ကို စတင်ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။


အသင်းပိုင်ရှင် တိုနီ ဘလွန်း (Tony Bloom) က “ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းကို ခေါင်းဆောင်မှုပုံစံသစ်၊ လမ်းညွှန်မှုအသစ်တွေနဲ့ ပြန်လည်ဆန်းသစ်လိုတဲ့အတွက်” ဒီလိုဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


အမှုဆောင်ချုပ် ပေါလ် ဘာဘာ (Paul Barber) က ဝီးယားရဲ့နေရာမှာ အစားထိုးခန့်အပ်မှုမပြုလုပ်ခင်အထိ နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စရပ်အားလုံးကို ယာယီဆက်လက်စောင့်ရှောက် သွားမှာဖြစ်ကြောင်း သိရပါတယ်။