မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးပွဲစဉ်ဆိုလို့ မန်စီးတီးတစ်သင်းသာပါဝင်ခဲ့ပြီး ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ (၂-၂)ဂိုးနဲ့သရေကျခဲ့တာကြောင့် ရမှတ်လျော့ခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ဘရိုက်တန်အသင်းကို အရင် အိမ်ကွင်းတွေ့ဆုံမှုတွေမှာ (၁၀)ပွဲဆက်တိုက်အနိုင်ကစားထားနိုင်ခဲ့ပြီး ဒီရာသီမှာမှ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရတာပါ။
မန်စီးတီးအသင်းအနိုင်မရခဲ့ပေမယ့် ဒီပွဲမှာ ပယ်နယ်တီကနေ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းကတော့ ပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဟာလန်းဟာ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး(၈၄)ဂိုးအထိ ရှိလာခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ဟာလန်းဟာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှု(၁၆)ကြိမ်ပြုလုပ်ထားတာကြောင့် အသင်းအတွက် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု (၁၀၀)ဂိုးပြည့်သွားခဲ့ပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၉၄)ပွဲသာကစားထားရတာကြောင့် ပွဲ(၁၀၀)မပြည့်ခင်မှာပဲ ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ဂိုးကို ပြုလုပ်နိုင်တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်တာကို ဟာလန်းက စွမ်းဆောင်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး(၂၆၀)သွင်းထားပြီး ဂိုးသွင်းအများဆုံးစံချိန်ရှင်အဖြစ် မှတ်တမ်းတင်ထားတဲ့ အလန်ရှီးယားတောင် ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှု(၁၀၀)ပြည့်ဖို့ ပွဲ(၁၀၀)အထိကစားခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲသရေကျပြီး မန်စီးတီးအသင်းအနေနဲ့ အဆင့်(၅)နေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် နောက်ကတစ်ပွဲလျော့နေတဲ့ နယူးကာဆယ်က ဒီပွဲကို နိုင်ခဲ့ရင် မန်စီးတီးထက် (၂)မှတ်အသာရပြီး အပေါ်ကိုကျော်တက်သွားမှာဖြစ်ပါတယ်။
စနေနေ့ ပရီးမီးယားလိဂ်ပွဲရလဒ်များ
Everton (1-1) West Ham
Ipswich (2-4) Nottm Forest
Man City (2-2) Brighton
Southampton (1-2) Wolves
Bournemouth (1-2) Brentford
Discussion