ဘရူနိုဖာနန်ဒက်စ်ကို နွေရာသီမှာ ငွေကြေးအများအပြားအသုံးပြုပြီး ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းစီစဉ်

ဘရူနိုဖာနန်ဒက်စ်ကို နွေရာသီမှာ ငွေကြေးအများအပြားအသုံးပြုပြီး ခေါ်ယူဖို့ အယ်လ်ဟီလယ်အသင်းစီစဉ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ငွေကြေးအများအပြားသုံးပြီး ခေါ်ယူဖို့ စီစဉ်မှုပြုလုပ်နေပါတယ်။ ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာန်ဒက်စ်ကို ရောင်းချဖို့ ရည်ရွယ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာကို ခေါ်ယူဖို့ ပစ်မှတ်အဖြစ်သတ်မှတ်ထားပေမယ့် သူက လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့်နွေရာသီမှာ ငွေကြေးအများအပြားအသုံးပြုပြီး ကြယ်ပွင့်ကစားသမားကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အယ်လ်ဟီလယ်အသင်းဟာ မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ အရှေ့အလယ်ပိုင်းသတင်းတွေမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ကိုယ်စားလှယ်တွေဟာ အယ်လ်ဟီလယ်အသင်းနဲ့ တနင်္လာနေ့က ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက အယ်လ်ဟီလယ်အသင်းနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ကိုယ်စားလှယ်တွေဟာ ဆက်သွယ်မှုတွေရှိခဲ့ကြပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ(၁၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၈)ကြိမ်ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းရောင်းချလိုခြင်းမရှိတဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးလည်းဖြစ်တာပါ။

မန်ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အသင်းဟာ ဘရူနိုဖာနန်ဒက်စ်အတွက် အယ်လ်ဟီလယ်အသင်းဆီကနေ တရားဝင်ကမ်းလှမ်းမှုမရရှိထားသလို ကမ်းလှမ်းမှုရလာခဲ့ရင်လည်း ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ ဆိုထားတာဖြစ်ပါတယ်။

Read more

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Google အကူအညီမပါတော့မယ့် တရုတ်ဖုန်းတွေ တွေ့ရတော့မလား

Xiaomi ကနေ Huawei နဲ့ပူးပေါင်းပြီး Google အကူအညီမပါတဲ့ Operating System တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ Xiaomi တင်မကဘူး Oppo, Vivo, OnePlus တို့လည်း အပါအဝင်လို့ ဆိုထားပါတယ်။ (တရုတ်ဖုန်းတွ

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

လီဗာပူးလ်အသင်းက ထွက်ခွာမယ့် အသင်းဖော်အာနိုးလ်ကို ဆာလာ မက်ဆေ့ချ်ပေးပို့

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီကုန်ရင် လီဗာပူးလ်အသင်းက ထွက်ခွာမယ်လို့ အတည်ပြုခဲ့တဲ့ အသင်းဖော်ညာနောက်လူ အာနိုးလ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာ

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

ခေတ်စားလာတဲ့ “Casual Dating” အကြောင်း

မြန်မာလိုဆိုရင် အနီးစပ်ဆုံး ပေါ့ပေါ့ပါးပါး ဒိတ်တင်းလုပ်ခြင်းလို့ ဘာသာပြန်နိုင်တဲ့ “Casual Dating” ဆိုတာ ဒီခေတ်မှာ ပိုပိုပြီးမြင်ရ ကြားရလာပါတယ်။ အတည်ရည်းစားမဟု