ဘတ်ထရီ 10000mAh ပါမယ့် realme ဖုန်းအသစ်

ဘတ်ထရီ 10000mAh ပါမယ့် realme ဖုန်းအသစ်

ဘတ်ထရီ 10000mAh ပါမယ့်အပြင် ဖုန်းအထူက 8.5mm ပဲရှိမယ်လို့ ဆိုထားတယ်။ ဒါပေမဲ့ ဈေးကွက်ထဲတော့ ရောက်လာသေးပါဘူး။ realme ဘက်ကနေ Concept ချပြတဲ့ သဘောပါ။ တချို့တချို့တွေ ဖုန်းပါးပါးလေးထုတ်ပြီး Battery case တွေပါ ရောင်းတော့မယ့်အချိန်မှာပေါ့ … 

Realme ကနေ reame GT7 Series ကို မိတ်ဆက်ဖို့ ပြင်ဆင်နေချိန်မှာပဲ concept ဖုန်းအသစ်တစ်လုံးကိုလည်း အတူမိတ်ဆက်သွားဖို့ ရှိကြောင်း အတည်ပြုလာတာပါ။ ဒီဖုန်းမှာက ထူးထူးခြားခြားအနေနဲ့ Battery 10000mAh ပါဝင်လာမှာဖြစ်ပါတယ်။ 

Realme ကနေ ထုတ်ပြလာတဲ့ ဓါတ်ပုံတွေထဲမှာတော့ ဖုန်းရဲ့ ကျောဘက်ဒီဇိုင်းမှာ “GT 10000mAH” နဲ့အတူ “Power That Never Stops” ဆိုတဲ့ စာသားတွေကို ရေးသားထားပါတယ်။ နောက်ပြီး Dual Camera set up နဲ့ဖြစ်ပါတယ်။ 

Realme concept ဖုန်းဟာဆိုရင် ဆီလီကွန်ပါဝင်မှုမြင့်မားတဲ့ ဘတ်ထရီအမျိုးအစားကို တပ်ဆင်ထားပြီး Energy Density အရ 887W/L အထိ ရှိမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း ဖုန်းရဲ့ အထူဟာ သာမန်အတိုင်းသာရှိနေပြီး ဘတ်ထရီကြီးကြီးတပ်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းရဲ့အထူမှာ 8.5mm သာရှိပြီး အလေးချိန်ကတော့ 200 ဂရမ်ကျော်သာရှိပါမယ်။ 

လောလောဆယ်တော့ concept အနေနဲ့သာ မိတ်ဆက်ထားပေမဲ့ မူပိုင်ခွင့်ပေါင်း 60 လောက်အထိလည်း ရှိနေပြီလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အကန့်အသတ်နဲ့ ရောင်းချဖို့ရာများ ရှိလာမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ...

Read more

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘက်တစ်ထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာက မိမိလုပ်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်လို့ အန်တိုနီဖွင့်ဟ

ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအ‌ရွှေ့ကာလက မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်း‌ရွှေ့ခဲ့တာက သူလုပ်ခဲ

ဒီ​​နေ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီ​​နေ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ဒုတိယ အကျော့) PSG - အာဆင်နယ် (7 May 2025/ 1:30 am) နှစ်သင်းစလုံးက ကိုယ်စီ ပြည်တွင်းလိဂ်တွေမှာ ရှုံးပွဲကြုံခဲ့ပြီး ရှုံးပွဲရလဒ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ငြင်းပြီး ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ဖလော်ရီယန်ဗစ်ဇ်ဆုံးဖြတ်

ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးနဲ့ ရီ

iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

iPhone 18 Series မှာ Under Display Face ID ထည့်ဖို့ စမ်းသပ်နေ

ဒီသတင်းက မကြာသေးခင်တုန်းက Apple ခေါက်ဖုန်းမှာ စမ်းသပ်နေတယ်ဆိုပြီး အရင်ထွက်ထားဖူးတယ်။ အရမ်းတော့ မမျှော်လင့်လိုက်ပါနဲ့ဦး။ iPhone 17 Series နဲ့တောင် သူ့ဟာသူ အခုထိရှုပ်နေ