ဘတ်ထရီတစ်ခုပဲကြည့်ပြီး အပြစ်တင်မစောပါနဲ့

Samsung Galaxy S25 Edge က official Store တွေမှာ ရောက်လာပြီးနောက်ပိုင်း User အများစုရဲ့ ဝေဖန်မှုတွေ မျိုးစုံထွက်လာခဲ့ပါတယ်။ ဒီမှာကတော့ စစမိတ်ဆက်တဲ့ရက်မှာတင် ဝေဖန်လေကန်နေကြတာပါ။ အဓိက ပြောကြတာကတော့ ဘတ်ထရီပိုင်းပါပဲ။ အချို့က ဒီဖုန်းကို ကိုင်ကြည့်မှသာ ယုံနိုင်တယ်၊ အချို့ကတော့ Feature ကောင်းကောင်းမပါပဲ ဈေးကမြင့်လွန်းတယ်လို့ ဝေဖန်ထားကြပါတယ်။

Samsung Production ပိုင်းရဲ့ Director ဖြစ်သူ Blake Gaiser ကတော့ Galaxy S25 Edge နဲ့ပတ်သက်ပြီး ဖေ့ရှင်းချက်အချို့ကို ပြောခဲ့ပါတယ်။ Galaxy S25 Edge ဟာ Goldilocks စမတ်ဖုန်းပုံစံပါ။ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် နှစ်ခုလုံးကို အကောင်းဆုံးဖြစ်အောင် မျှတစွာချိန်ညှိပြီး ဖန်တီးထားတယ်။

Galaxy S25 Edge ဟာ အထူ 5.8mm သာရှိတဲ့ အလွန်ပါးလွှာတဲ့ဖုန်းဖြစ်အောင်လို့လည်း ကျွန်တော်တို့အနေနဲ့ အစကတည်းက ဒီဇိုင်းဆွဲခဲ့တာပါ။ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ပါးလွှာမှုနဲ့အတူ စွမ်းဆောင်ရည်ပိုင်းကို လုံးဝမလျော့စေဘဲ ချပြချင်တာပဲဖြစ်ပါတယ်။

ဘတ်ထရီပိုင်းမှာဆိုရင်လည်း Galaxy S25 Edge မှာ 3900mAh သာပါတယ်ဆိုပေမဲ့ နေ့လည်မတိုင်ခင်မှာ ဖုန်းအားကုန်သွားမယ်ဆိုတာမရှိဘူး။ တစ်နေ့လုံးအတွက် လုံလောက်တဲ့ ဘတ်ထရီပမာဏဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

နောက်ပြီး Galaxy S25 Edge ဟာ S24 Base model လောက် ဘတ်ထရီမများပေမဲ့ S24 ထက် Performance ပိုင်းမှာ ပိုကောင်းတယ်။ Galaxy S25 Edge ကို သေချာလေး သုံးကြည့်ပြီးခါမှ ဝေဖန်စေချင်တယ်လို့ ဆိုခဲ့ပါတယ်။