ဘုန်းမောက်နောက်ခံလူ ကာကတ်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိဖို့ လီဗာပူးလ်အသင်းနီးစပ်

ဘုန်းမောက်နောက်ခံလူ ကာကတ်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိဖို့ လီဗာပူးလ်အသင်းနီးစပ်

ပြီးခဲ့တဲ့ရက်ပိုင်းကမှ လေဗာကူဆင်အသင်းညာတောင်ပံနောက်ခံလူ ဖရင်ပေါင်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းဘယ်နောက်ခံလူ ကာကတ်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့အတွက် ကာကတ်ဇ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပြီး ဘုန်းမောက်အသင်းနဲ့ ပြောင်းရွှေ့ကြေးဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ ကာကတ်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင်(၄၅)သန်း သတ်မှတ်ထားတဲ့အတွက် လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီမှာ ဘယ်နောက်ခံလူနဲ့ ညာနောက်ခံလူကစားသမား(၂)ဦးအတွက် ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းနီးပါးအသုံးပြုပြီး ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။

ဘုန်းမောက်အသင်းကတော့ စာချုပ်သက်တမ်း(၃)နှစ်ကျန်ရှိနေပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနေတဲ့ ကာကတ်ဇ်ကို လက်မလွှတ်ချင်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ကာကတ်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားတာကြောင့် လက်လွှတ်ရဖို့ရှိနေတာပါ။ ဘုန်းမောက်အသင်းဟာ မကြာသေးမီက စပိန်နောက်ခံလူ ဒင်းဟိုက်ဆန်ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ရောင်းချဖို့ သဘောတူညီထားတာဖြစ်ပါတယ်။

ကာကတ်ဇ်ဟာ ဒီရာသီမှာ ဘုန်းမောက်အသင်းအတွက် (၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားတာပါ။ ကာကတ်ဇ်ရောက်ရှိလာရင် လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံကစားသမားတွေဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ဆီမီကတ်စ်တို့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာဖို့ရှိနေပါတယ်။ လီဗာပူးလ်အသင်းဟာ နည်းပြအာနီဆလော့ရဲ့ပထမရာသီမှာ ကစားသမားသစ်ခေါ်ယူမှုနည်းပါးခဲ့ပေမယ့် ဒုတိယမြောက်ရာသီမှာတော့ ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမားသစ်တွေဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ဖလူမင်နန်စီ - ဒေါ့မွန် (17 June 2025/ 10:30 pm) ဖလူမင်နန်စီက ၂၀၂၃ ကိုပါလီဘာတာဒိုးစ်ချန်ပီယံအသင်းအဖြစ် ဒီပြိုင်ပွ

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်