"ဘုရားပြီး ငြမ်းဖျက်"ဆိုသလို ဒန်နီယယ်ဖာ့ခ်နေရာ မော်ရင်ဟိုနဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့လိဒ်စ်ယူနိုက်တက်

"ဘုရားပြီး ငြမ်းဖျက်"ဆိုသလို ဒန်နီယယ်ဖာ့ခ်နေရာ မော်ရင်ဟိုနဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့လိဒ်စ်ယူနိုက်တက်

ဂျာမန်လူမျိုးနည်းပြဒန်နီယယ်ဖာ့ခ်ဟာ လိဒ်စ်ယူနိုက်တက်အသင်းကို ရာသီမကုန်ဆုံးမီမှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် အသင်းနဲ့ လမ်းခွဲရဖွယ်ရှိနေကြောင်း သိရပါတယ်။

ဒန်နီယယ်ဖာ့ခ်ဟာ ၂၀၂၃ ခုနှစ်က လိဒ်စ်အသင်း ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းခဲ့ပြီးနောက် အသင်းနည်းပြအဖြစ် (၄)နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရသူပါ။


သူ့အနေနဲ့ (၂)ရာသီအကြာမှာပဲ လိဒ်စ်ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းပြန်တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို လက်ကျန်(၂)ပွဲမှာ အနိုင်ကစားနိုင်ခဲ့ရင် သူ့အသင်းက ဒီရာသီ ချန်ပီယံရှစ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။

ဒါပေမယ့် လိဒ်စ်ယူနိုက်တက်အသင်း ထိပ်တန်းတာဝန်ရှိသူတွေက ဒန်နီယယ်ဖာ့ခ်နဲ့ ပရီးမီးယားလိဂ်မှာ ဖြတ်သန်းဖို့ကို ယုံကြည်မှုကင်းမဲ့နေကြကြောင်း သိရပါတယ်။

ဒန်နီယယ်ဖာ့ခ်ဟာ နော်ဝစ်ချ်အသင်းကို ကိုင်တွယ်စဉ်အချိန်က ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင် (၂)ကြိမ်တိုင်ပြုလုပ်ပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရအောင် မစွမ်းဆောင်နိုင်ဘဲ သူ့ရဲ့အသင်းဟာ နောက်ရာသီတွေမှာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်ဆင်းခဲ့ရပါတယ်။

၂၀၂၁-၂၂ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒန်နီယယ်ဖာ့ခ်ရဲ့ နော်ဝစ်ချ်အသင်းဟာ (၁၅)ပွဲဆက်တိုက်ရှုံးခဲ့ဖူးပြီး ဒါက ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ပွဲဆက်ရှုံးနိမ့်မှုစံချိန်လည်းဖြစ်ပါတယ်။

ဒါကြောင့် လိဒ်စ်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ပရီးမီးယားလိဂ်မှာ ဒန်နီယယ်ဖာ့ခ်နဲ့ ဖြတ်သန်းဖို့ စိုးရိမ်မှုတွေရှိနေပြီး သူ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေကြပါတယ်။ သတင်းတွေအရတော့ လက်ရှိတူရကီကလပ်ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတဲ့ ချယ်လ်ဆီး၊ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း မော်ရင်ဟိုကို လိဒ်စ်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ဦးစားပေးပစ်မှတ်ထားနေကြောင်း သိရပါတယ်။

တူရကီလိဂ်မှာ ပွဲပယ်ပြစ်ဒဏ်(၂)ကြိမ်တိုင် ရင်ဆိုင်ခဲ့ရပြီး လိဂ်တာဝန်ရှိသူတွေနဲ့အစာမကြေဖြစ်နေတဲ့ မော်ရင်ဟိုကို လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပြန်တွေ့ရမလား ...

ဒါမှမဟုတ် လိဒ်စ်အသင်းနည်းပြသစ်အဖြစ် ဘယ်နည်းပြကို တွေ့မြင်ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ...

ဘယ်လိုပဲဖြစ်ဖြစ် လိဒ်ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်တန်းတက်ခွင့်ရအောင် ပြုလုပ်ပေးခဲ့တဲ့နည်းပြဒန်နီယယ်ဖာ့ခ်ကတော့ "ဘုရားပြီး ငြမ်းဖျက်"ဆိုတဲ့ စကားပုံအတိုင်း ဒီအသင်းနဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲရဖို့ သေချာနေပါတယ်။

Read more

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

အဖေစီရော်နယ်ဒိုခြေရာနင်းတော့မယ့် သားစီရော်နယ်ဒိုဂျူနီယာ

လွန်ခဲ့တဲ့ (၂၄)နှစ်ကျော်ဖြစ်တဲ့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်မှာ ပေါ်တူဂီယူ-၁၅ အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် စပို့တင်းလစ္စဘွန်းအသင်းရဲ့လူငယ်ကစားသမားစီရော်နယ်ဒိုကရွေးချယ်

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

ဂိုးသမားဟောင်း မီလင်ကိုဗစ်ဆာဗစ်ကို ပြန်လည်ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းဆွေးနွေး

မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းတဲ့ရာသီကို ဖြတ်သန်းနေရပြီးနောက် အသင်းရဲ့လူစာရင်းကိုပိုမိုအားကောင်းအောင်လုပ်ဖိ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့) အင်တာမီလန် - ဘာစီလိုနာ (7 May 2025/ 1:30 am) လတ်တလောမှာ အင်တာမီလန်က ပြိုင်ပွဲစုံမှာ ရလဒ်တွေနည်းနည်းယိုင်နေပြီး (၅)ပွဲဆက်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အတွက် မိမိပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ ရာဖင်ညာဖွင့်ဟ

ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ညာက သူဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖို့ နီးစပ်ခဲ့တယ်လို့ Isabela Pagliari နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာ