ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်မကစားဖို့ ရိုဒီရီဂိုဆုံးဖြတ်

ဘရာဇီးလ်ကြယ်ပွင့် ရိုဒရီဂိုဟာ အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်နဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေတို့ ပါဝင်တဲ့ ပြဿနာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထပ်ပြီးမကစားဖို့ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ရိုဒရီဂိုဟာ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာချင်တဲ့ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ El Clasico ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းကို (၃-၄)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီလာလီဂါပွဲစဉ်ကစားဖို့(၃)ပွဲသာကျန်ရှိတော့ချိန်မှာ ဘာစီလိုနာအသင်းရဲ့(၇)မှတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဆုဖလားလက်လွှတ်ရဖို့ သေချာသလောက်ရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီးနောက် ရိုဒရီဂိုကလည်း အန်ဆယ်လော့တီရဲ့အနောက်ကိုလိုက်ကာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာချင်နေတာပါ။

ရိုဒရီဂိုကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီးကလပ်အချို့က သူနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ စပိန်သတင်းစာမာကာက ရိုဒရီဂိုဟာ ဘရာဇီးလ်အသင်းဖော် ဗင်နီစီယပ်စ်နဲ့အတူ ဦးဆောင်တဲ့အခန်းကဏ္ဍကို မျှဝေဖို့မျှော်လင့်ခဲ့ပေမယ့် ဘယ်လင်ဂမ်နဲ့ ဘာပေရဲ့ဝန်းကျင်မှာရှိတဲ့ မီဒီယာတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာရွှေ့ပြောင်းခဲ့ရတယ်လို့ ခံစားရကြောင်း ဖော်ပြထားတာပါ။

ဘယ်လင်ဂမ်နဲ့ ဘာပေတို့ရောက်ရှိလာမှုဟာ နည်းပြအန်ဆယ်လော့တီကိုလည်း နည်းဗျူဟာပိုင်းပြောင်းလဲမှုတွေဖြစ်စေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီဟာ နောက်ပိုင်းပွဲတွေမှာ ရိုဒရီဂိုမပါဝင်တဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဘာပေ၊ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဂမ်တို့ကို အတူတွဲအသုံးပြုခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲပေါင်း(၂၅၀)ကျော်ပါဝင်ကစားထားတဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Read more

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူနိုင်ခဲ့တဲ့ ဟာရီကိန်းကို မိမိဂုဏ်ပြုခဲ့တယ်လို့ ဆွန်ဟောင်မင်ဖွင့်ဟ

စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါဖလားရယူကာ ဆုဖလားမရရှိသေးတဲ့ ကျိန်စာကိုအဆုံးသတ်နိုင်ခဲ့တဲ့ အသင်းဖော်ဟောင်းဟာရီကိန်

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

လာမယ့်ရာသီထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ဖို့ နည်းပြအာမိုရင်ကို ဆာဂျင်ရက်ကလစ်ဖ်ပြောခဲ့

မန်ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင်ဆာဂျင်ရက်ကလစ်ဖ်က ရလဒ်တွေဆိုးနေတဲ့အသင်းကို လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး(၆)သင်းထဲဝင်အောင်လုပ်ပြ

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

လုပ်ပွဲအရှုပ်တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးဖိလစ်ဇွာယာကို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ကိုင်တွယ်ဖို့ UEFA ခန့်အပ်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ လုပ်ပွဲအရှုပ်တော်ပုံမှာပါဝင်ခဲ့မှုကြောင့် ပွဲပယ်ခံခဲ့ရဖူးတဲ့ ကွင်းလယ်ဒိုင်လူကြီး ဖိလစ်ဇွာယာကို မန်ယူနိုက်တက်-စပါး ယူရိုပါလိ

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

ပိုင်ဆိုင်မှု​၏ ၉၉% ကိုလှူဒါန်းတော့မည့် Bill Gates

မူလက စီစဉ်ထားသည်ထက်စောပြီး ၂၀၄၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက် တွင်ပိတ်သိမ်းရန် စီစဉ်ထားသည့် Bill & Melinda Gates Foundation သို့ လက်ရှိ ပိုင်ဆိုင်မှု ၏ ၉၉% ဖြစ်သော ဒေါ်လာ ၁၁၀ ဘီလီယံကျော်ကိ