ဗီလာရဲ့အခွင့်အလမ်းကောင်းကို ဖျက်ဆီးခဲ့တဲ့ မန်ယူနိုက်တက်အပါအဝင် အသင်းကြီးအများစုနိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့တဲ့ ပရီးမီးယားလိဂ်

ဗီလာရဲ့အခွင့်အလမ်းကောင်းကို ဖျက်ဆီးခဲ့တဲ့ မန်ယူနိုက်တက်အပါအဝင် အသင်းကြီးအများစုနိုင်ပွဲနဲ့ နှုတ်ဆက်ခဲ့တဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၈)မှာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးအသင်းတွေထဲက လီဗာပူးလ်နဲ့ စပါးကလွဲလို့ ကျန်အသင်းတွေက နိုင်ပွဲနဲ့အတူ ဒီရာသီကို နှုတ်ဆက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်(၃)နေရာဖြစ်တဲ့ အဆင့်(၃၊ ၄၊ ၅)နေရာတွေကို အပြိုင်လုယူနေတဲ့အသင်းတွေထဲမှာ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့က နိုင်ပွဲတွေရခဲ့တာကြောင့် အဆင့်(၃၊ ၄)နေရာကို ရယူနိုင်ခဲ့ပေမယ့် အဲဗာတန်ကို ရှုံးတဲ့ နယူးကာဆယ်၊ မန်ယူနိုက်တက်ကို ရှုံးတဲ့ ဗီလာ၊ ချယ်လ်ဆီးကိုရှုံးတဲ့ ဖောရက်စ်အသင်းတို့ကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ပြီးမှ အဆင့်(၅)နေရာအတွက် အဖြေထွက်ခဲ့ပါတယ်။

အထူးသဖြင့် စိန့်ဂျိမ်းစ်ပတ်ခ်မှာ အဲဗာတန်ကို (၀-၁)ဂိုးနဲ့ ရှုံးခဲ့တဲ့ နယူးကာဆယ်ရဲ့ ရှုံးနိမ့်မှုကို အခွင့်အရေးယူရမှာဖြစ်ပေမယ့် ဗီလာ၊ ဖောရက်စ်တို့က ဒီအခွင့်အရေးကို လက်လွှတ်ခံခဲ့ရပါတယ်။

အဆင့်(၅)နေရာရဖို့ ဖောရက်စ်က ချယ်လ်ဆီးကို အနိုင်ကစားရမှာဖြစ်ပေမယ့် ဗီလာက မန်ယူနိုက်တက်ကို အနိုင်တောင်ကစားစရာမလိုဘဲ သရေကစားတာနဲ့ အဆင့်(၅)နေရာကို ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အူနိုင်းအမ်မရီရဲ့ဗီလာအသင်းဟာ သူတို့အတွက် ကံဆိုးမှုတွေကိုအမြဲယူဆောင်ပေးတတ်တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ထုံးစံအတိုင်း အရှုံးကို ရင်ဝယ်ပိုက်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

ပထမပိုင်းမှာကတည်းက မန်ယူနိုက်တက်အသင်းက တရစပ်တိုက်စစ်ဆင်ကစားခဲ့ပြီး ဗီလာအသင်းရဲ့ဂိုးသမားမာတီနက်ဇ် ပထမပိုင်းပြီးခါနီးထုတ်ပယ်ခံခဲ့ရတာက ဗီလာကို မြေနိမ့်ရာလှံစိုက်သလို ဖြစ်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ယူနိုက်တက်က သည်းကြီးမည်းကြီးတိုက်စစ်ဆင်ကစားခဲ့ပြီး (၇၆)မိနစ်မှာ အာမတ်ရဲ့ခေါင်းတိုက်ဂိုး၊ (၈၇)မိနစ်မှာ အဲရစ်ဆင်က ပယ်နယ်တီကန်သွင်းပြီး ဗီလာကို (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကို ရှုံးခဲ့သမျှပွဲတွေထဲမှာ ဒီပွဲက ဗီလာအတွက် တန်ဖိုးကြီးမားတဲ့ပွဲဖြစ်ခဲ့ပြီး နယူးကာဆယ်အသင်းရဲ့ ရလဒ်ကို သိပြီးချိန်မှာ ဗီလာနည်းပြအူနိုင်းအမ်မရီမျက်နှာက ဆီးရွက်လောက်သာကျန်ပါတော့တယ်။ နယူးကာဆယ်နဲ့ ဗီလာ ရမှတ်(၆၆)မှတ်ချင်းတူပေမယ့် နယူးကာဆယ်က ဂိုးကွာခြားချက်မှာ (+၂၁)ရှိပြီး ဗီလာက (+၇)သာရှိလို့ ချန်ပီယံလိဂ်ဝင်ခွင့်အဆင့်(၅)နေရာက နယူးကာဆယ်အတွက် ဖြစ်သွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းကလည်း အဝေးကွင်းမှာ ကစားရပေမယ့် အဆင့်(၇)က ဖောရက်စ်အသင်းကို အခွင့်အရေးမပေးဘဲ ပွဲချိန်(၅၀)မိနစ်မှာ ကိုဝဲလ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဖောရက်စ်အသင်းဘက်ကို ကိုဝဲလ်သွင်းယူခဲ့တဲ့အနိုင်ဂိုး

အာဆင်နယ်က ဆောက်သမ်တန်ကို အဝေးကွင်းမှာ (၂-၁)ဂိုး၊ မန်စီးတီးက ဖူလ်ဟမ်ကို အဝေးကွင်းမှာ (၂-၀)ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ်ပြီးနောက်ပိုင်း နိုင်ပွဲပျောက်နေတဲ့ လီဗာပူးလ်ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ (၁-၁)ဂိုးစီသရေကျခဲ့ပါတယ်။

ယူရိုပါလိဂ်ပူပူနွေးနွေးချန်ပီယံစပါးကတော့ ပရီးမီးယားလိဂ်မှာ အမှတ်ဝေဿန္တရာလုပ်နေဆဲဖြစ်ပြီး အိမ်ကွင်းမှာ ဘရိုက်တန်ကို (၁-၄)ဂိုးနဲ့ ဆက်ရှုံးခဲ့ပါတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ