‘‘ Broccoli စားခြင်းမှရရှိနိုင်မယ့် အကျိုးကျေးဇူးများ ’’

‘‘ Broccoli စားခြင်းမှရရှိနိုင်မယ့် အကျိုးကျေးဇူးများ ’’

Broccoli (ပန်းဂေါ် ဖီစိမ်း)မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့်Antioxidant ကြွယ်ဝပါတယ်။ဲဒိနေ့မှာတော့ Broccoli စားသုံးခြင်းမှရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုပြောပြပေးချင်ပါတယ်။

1.နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း
Nutrition Research မှ လေ့လာမှုတစ်ခုအရ Broccoli ကို ပုံမှန်စားသုံးတာက ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို လျှော့ချပေးပြီး
နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေကြောင်း တွေ့ရှိခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရှိ အခြားလေ့လာမှုတစ်ခုတွင်လည်း ဟင်းသီးဟင်းရွက်တွေက- အထူးသဖြင့် Broccoli ကဲ့သို့သော ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက  နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း တွေ့ရှိရပါတယ်။

2. ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ဒြပ်ပေါင်းများစွာပါဝင်ခြင်း
ကင်ဆာရောဂါကိုဖြစ်စေနိုင်တဲ့အရာတွေက အစားအသောက်နဲ့အများကြီးမသက်ဆိုင်သော်လည်း
ကျန်းမာတဲ့အစားအစာကိုစားပေးခြင်းက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။Broccoli အပင်ပေါက်တွေက ကင်ဆာကို တိုက်ဖျက်သောဒြပ်ပေါင်းများပါဝင်ပါတယ်။
Broccoli ရဲ့ အစိတ်အပိုင်းတွင် sulforaphane ဟုလူသိများသော phytochemical တစ်ခုရှိပါတယ်။ လေ့လာမှုတွေအရ sulforaphane ဟာ စီးကရက်မီးခိုးလိုမျိုး လေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အချို့သော ကင်ဆာရောဂါဖြစ်နိုင်ချေ တွေကိုပါ  လျှော့ချပေးနိုင်ကြောင်း လေ့လာမှုတွေက ထဲမှာဖော်ပြထားပါတယ်။Broccoli ဟာ ကင်ဆာကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ရှိပြီး ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချနိုင်တယ်လို့ နောက်ထပ် သုတေသနပြုချက်တွေအရ သိရပါတယ်။

3.မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း
2003ခုနှစ် နှင့် 2006 ခုနှစ် က လေ့လာမှုတွေအရ Broccoli တွင်  carotenoids, lutein နဲ့ zeaxanthinတို့ ပါ၀င်ပြီး အတွင်းတိမ်နှင့် မျက်ကြည်လွှာ ယိုယွင်းမှုကဲ့သို့သော အသက်အရွယ်နှင့်ဆိုင်တဲ့ မျက်စိချို့ယွင်းမှု ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။Broccoli မှာဗီတာမင်A အဖြစ် ပြောင်းလဲပေးနိုင်တဲ့ beta-caroteneပါဝင်ပြီး မျက်စိကွယ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

4. ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကို မျှတအောင် ပံ့ပိုးပေးနိုင်ခြင်း
Broccoli ကဲ့သို့ Brassica ဟင်းသီးဟင်းရွက်တွေမှာ  indole-3-carbinol (I3C) လို့ ခေါ်တဲ့ အပင်ဒြပ်ပေါင်းပါဝင်ပြီး oestrogen levels ကို ထိန်းညှိပေးခြင်းဖြင့် ဟော်မုန်းများကို ဟန်ချက်ညီစေပါတယ်။
(Brassica ဆိုတာက ဂေါ်ဖီထုပ်နှင့် မုန်ညင်း (Brassicaceae) တို့ရဲ့ အပင်မျိုးရင်းတစ်ခု)
I3C က ရင်သားကင်ဆာနှင့် မျိုးပွားခြင်းဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

5. ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးခြင်း
ဆာလဖာ (sulphur)ကြွယ်ဝစွာပါဝင်ခြင်းကြောင့် Broccoli ကဲ့သို့သော brassicas ဟင်းသီးဟင်းရွက်တွေက အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပြီး ရလဒ်အနေနဲ့  ရောဂါပိုးမွှားတွေကို ခုခံကာကွယ်မှုကို တိုးတက်စေပါတယ်။ ဆာလဖာ (sulphur) က အစာအိမ်အတွင်းနံရံထိန်းသိမ်းထားဖို့အတွက် အရေးကြီးတဲ့  glutathione ထုတ်လုပ်မှုကို ပံ့ပိုးပေးပါတယ်။ Antioxidant အဖြစ် ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကို ရောင်ရမ်းပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

Read more

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

DeepSeek ကိုသီတင်းအမှားဖော်ပြသည့်ခေါင်းစဉ်ဖြင့်စုံစမ်းစစ်ဆေးမည့် Italy

အီတလီနိုင်ငံ၏ ဈေးကွက်ယှဉ်ပြိုင်မှုနှင့်အသုံးပြုသူအခွင့်အရေးကာကွယ်ရေးအဖွဲ့ (AGCM) ကတရုတ် AI ကုမ္ပဏီ DeepSeek ကိုစုံစမ်းစစ်ဆေးဖို့ တနင်္လာနေ့တွင်စတင်ကြေညာခဲ့သည်

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အစိုးရတားမြစ်နေသည့်ကြားမှ China Supply Chain ပြပွဲပါဝင်မည့် NVIDIA

အမေရိကန်အခြေစိုက် chip ထုတ်လုပ်မှုအကြီးဆုံးကုမ္ပဏီဖြစ်သည့် Nvidia သည် ၂၀၂၅ ခုနှစ် ဇူလိုင်လတွင်ပေကျင်းမြို့၌ကျင်းပမည့် Supply Chain ပြပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် တက်ရေ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) ချယ်လ်ဆီး - LAFC (17 June 2025/ 1:30 am) ချယ်လ်ဆီးက ဒီပြိုင်ပွဲကို ၂၀၂၁ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဝင်ပြိုင်

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

Google ရဲ့ Snapseed Version အသစ်ကို ၄ နှစ်အကြာမှာ မြင်ရခဲ့ပြီ

2021 မှာ နောက်ဆုံး Update ခဲ့တာဆိုတော့ ၄ နှစ်တောင်ကြာခဲ့ပြီပေါ့။ Snapseed user တွေ Update Version ကို သတိထားမိကြပြီလား။ နည်းနည်းပြောစရာလေးရှိတာက ဒီ Update က iOS User တွေအတွက်ပါတဲ့။  Google ကနေ