BYD ကတော့ သူတို့ရဲ့လျှပ်စစ်ကားတွေကို ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ နည်းပညာအသစ်ကြောင့် ရှယ်ယာဈေးတွေ စံချိန်တင် မြင့်တက်နေပါတယ်။ 

BYD ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Han L နဲ့ Tang L ဆိုပြီး မော်ဒယ်အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဒီမော်ဒယ်အသစ်တွေဟာ ၅ မိနစ်အားသွင်းရုံနဲ့ အားပြည့်နိုင်တဲ့ နည်းပညာထည့်သွင်းထားတာပါ။ 

ဒေါ်လာ ၅ သောင်းဝန်ကျင်တန်ဖိုးရှိတဲ့ BYD လျှပ်စစ်ကားအသစ်တွေဟာ ကီလို 400 ခရီးစဉ်အတွက် ၅ မိနစ်အားသွင်းရုံပဲ လိုအပ်တယ်လို့ဆိုပါတယ်။ Tesla လျှပ်စစ်ကားတွေရဲ့ အမြန်ဆုံးအားသွင်းချိန်ဟာ ၁၅ မိနစ်သာဖြစ်တဲ့အပြင် 275 ကီလိုမီတာအကွာအဝေးသာ ရနိုင်မှာဖြစ်ပါတယ်။ 

လောလောဆယ်တော့ BYD အနေနဲ့ မော်ဒယ်အသစ်တွေ မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ကုမ္ပဏီရှယ်ယာပမာဏဟာ 6% အထိမြင့်တက်လာပီဲး ဒေါ်လာ 154 ဘီလီယံအထိ ရှိလာနေပြီလို့ ဆိုပါတယ်။ BYD မော်ဒယ်အသစ်တွေ မိတ်ဆက်ပြီးရက်ပိုင်းအတွင်း တစ်ဖက်မှာလည်း Tesla ဟာ Musk ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး ဈေးကွက်ရှယ်ယာတွေဟာ 5% ကျဆင်းသွားတယ်လို့ ဖော်ပြလာပါတယ်။ 

BYD ကတော့ မနှစ်လောက်ကစပြီး Tesla နဲ့ အပြိုင်အဆိုင်ဖြစ်လာတဲ့အပြင်ကိုမှ အောင်မြင်မှုတွေ တခုပြီးတခု ရလာနေပြီလို့တောင် ပြောလို့ရပါတယ်။ ဘယ်လိုပဲ တရုတ်နိုင်ငံတွင်းမှာမို့လို့ ပြောနေပါစေ အနာဂါတ်မှာတော့ BYD ဟာ လျှပ်စစ်ကားလောကကို လွှမ်းမိုးမှုတွေရှိလာနိုင်ပြီလို့ မှတ်ချက်တွေပေးနေကြပါတယ်။