Car Mechanic "Kepler K2"

"Bumblebee" ဟုအမည်ပြောင်ပေးကာ Kepler K2 ဟုတရားဝင်လူသိများသည့် တရုတ်နိုင်ငံမှ စက်ရုပ်တစ်ရုပ်သည် ယခုအခါ လက်တွေ့ဘဝတွင် ကားစက်ပြင်ဆရာအဖြစ်အလုပ်လုပ်နေပြီဖြစ်သည်။ စက်ရုပ်ကို ရှန်ဟိုင်းရှိ SAIC-GM စက်ရုံတွင် လူသားလုပ်သားများအတိုင်းအလုပ်များကိုလုပ်ကိုင်နေသည်။
ကုမ္ပဏီမှ ထုတ်လွှင့်ထားသည့် ဗီဒီယိုအသစ်တွင် အဆိုပါ စက်ရုပ်ကအရည်အသွေးစစ်ဆေးခြင်း၊ တပ်ဆင်ခြင်း၊အစိတ်အပိုင်းများ ကိုင်တွယ်ခြင်းစသည့် တာဝန်အမျိုးမျိုးကို လုပ်ဆောင်နေသည့် Kepler K2 စက်ရုပ်ကိုပြသထားသည်။ စက်ရုပ်သည် လေးလံသောပစ္စည်းများကို ရွှေ့ပြောင်းခြင်း၊ အစိတ်အပိုင်းများတင်ခြင်းတို့ကိုလူသားများအတိုင်းလုပ်ဆောင်နိုင်သည်။
Kepler K2 အတွက်သီးခြားသတ်မှတ်ပေးသည့်အရာမှာ စက်ပစ္စည်းပြဿနာများကို ကြိုတင်ခန့်မှန်းနိုင်စေရန်၊ ဒီဇိုင်းချို့ယွင်းချက်များကို ဖော်ထုတ်ရန်နှင့် အလုံးစုံထုတ်ကုန်အရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် cloud-based tools များနှင့် ပေါင်းစပ်ထားသည်။ထိုသို့အဆင့်မြင့်စီမံဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှအထောက်အကူပြုလျှက်ရှိသည်။
စက်ရုပ်သည် အလိုအလျောက် သွားလာခြင်း၊အချိန်နှင့်တပြေးညီဘေးကင်းရန်စောင့်ကြည့်ခြင်း စသည့်အင်္ဂါရပ်များပါ၀င်ပြီး အားလုံးသည် လုပ်ငန်းခွင် အန္တရာယ်များကို လျှော့ချရန်နှင့်ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်အတွက်အရေးပါသောလုပ်ငန်းစဉ်များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။