ရန်ကုန်၊ ဇူလိုင် ၁၄ – CB Bank Public Company Limited မှ ပြုလုပ်ခဲ့သည့် “သင်၏ EV ကား အိပ်မက်ဆီသို့” ကံစမ်းမဲအစီအစဉ်၏ နောက်ဆုံးအဆင့် ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁:၀၀) နာရီအထိ ရန်ကုန်မြို့ရှိ Sedona Hotel ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဆုလက်ဆောင် အသီးသီးအတွက် အထူးဆုရှင်များကို  ရွေးချယ်ခဲ့သည်။

CB Bank ၏ "သင်၏ EV ကား အိပ်မက်ဆီသို့" ကံစမ်းမဲပွဲတွင် အခမ်းအနားမှူးများက BYD ATTO 3 ကားဆုကြီး ကံထူးရှင် ဒေါ်စန်းစန်းညိုအား ဖုန်းခေါ်ဆို အသိပေးနေစဉ်။ (ဓာတ်ပုံ- Akhayar)

ကံထူးရှင်ရွေးချယ်ရာတွင်လည်း ကြွရောက်လာကြသည့် ဧည့်ပရိသတ်များရှေ့မှောက်၌ မဲနှိုက်စက်မှ ဂဏန်းတစ်လုံးချင်းစီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးခဲ့ပြီး Digital စနစ်ဖြင့်လည်း စိစစ်ရွေးချယ်ခဲ့ပါသည်။ ထိုနောက် ကံထူးရှင်များ၏ ဆုများကြေညာခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနား၏ အဓိကဆုကြီးဖြစ်သော BYD ATTO 3 EV ကားသစ်တစ်စီးကို ကံစမ်းမဲနံပါတ် E-391873 ဖြင့် ဒေါ်စန်းစန်းညို (ရန်ကုန်) မှ ကံထူးရရှိခဲ့သည်။

အခမ်းအနား၏ အထူးခြားဆုံးအခိုက်အတန့်မှာ အဓိကဆုရှင်ဖြစ်သူ ဒေါ်စန်းစန်းညိုသည် ပွဲတွင် ကိုယ်တိုင်ရှိမနေသည့်အတွက် အခမ်းအနားမှူးက စင်မြင့်ပေါ်မှ တိုက်ရိုက်ဖုန်းခေါ်ဆိုကာ ကံထူးရှင်ဖြစ်ကြောင်း အသိပေးခဲ့ခြင်းဖြစ်သည်။ 

အခြားသော အထူးဆုကြီးများ ကံထူးရှင်များ

Indonesia Bali Trip (Couple Package) တစ်ဆု:

  • မဲလက်မှတ် - C839245 | ဦးအေးဝင်းထွဋ် | ဘားအံ

အခေါက်ရွှေ တစ်ကျပ်သား (၅) ဆု:

  • မဲလက်မှတ် - D846248 | ဦးကျင်ထွန်း| ရန်ကုန်
  • မဲလက်မှတ် - E994742 | ဦးစိန်ကြည် | တောင်ကြီး 
  • မဲလက်မှတ် - B779989 | ဒေါ်သန်းသန်းမြင့် | ပဲခူး
  • မဲလက်မှတ် - B638641 | ဒေါက်တာပေါ်ထွန်း | နေပြည်တော် 
  • မဲလက်မှတ် - A781065 | ဒေါ်ဆုခင်ဇော် | ရန်ကုန်

iPhone 16 (256 GB) (၃) လုံး:

  • မဲလက်မှတ် - E642257 | ဦးစိုးသိန်း | ရန်ကုန် 
  • မဲလက်မှတ် - C950673 | ဒေါ်လေးဟုန် | ရန်ကုန် 
  • မဲလက်မှတ် - E584003 | ဦးဇော်ဇော်နေလင်း (ခ) ဦးဇော်နေလင်း | နေပြည်တော်

အဆိုပါကံထူးရှင်များအားလုံးသည် ပွဲတွင်ကိုယ်တိုင်တက်ရောက်ခဲ့ခြင်းမရှိ၍ ထိုကံထူးရှင်များကို သက်ဆိုင်ရာ ဘဏ်ခွဲတာဝန်ခံများ၊ Relationship Manager များက အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အခမ်းအနားတွင် CB Bank မှ တာဝန်ရှိသူ အမှုဆောင်အရာရှိချုပ် ဦးကျော်သူကို က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

 "ကျွန်တော်တို့ CB Bank ရဲ့ "100 Days Fixed Deposit" အထူးအစီအစဥ်ကြီး ဖြစ်မြောက်အောင် ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးခဲ့ကြတဲ့ Customer ကြီးများကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ပွဲဟာ ကျွန်တော်တို့ CB Bank ရဲ့ Customer ကြီးများအားလုံးကို စိတ်ရင်းစိတ်မှန်နဲ့ ကျေးဇူးပြန်လည်တုံ့ပြန်တဲ့ အစီအစဥ်လဲဖြစ်သလို CB Bank ကြီးအနေနဲ့ အများပြည်သူရှေ့မှောက်မှာ ကံထူးရှင်များကို ထင်သာမြင်သာမှုရှိရှိ အမှန်တကယ် ရွေးချယ်ပေးတယ်ဆိုတာကိုလဲ ပြသတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်"

"သင်၏ EV ကား အိပ်မက်ဆီသို့" အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ 100 Days Fixed Deposit တွင် အနည်းဆုံး ကျပ်သိန်း (၁၀၀) အပ်နှံသူတိုင်းကို ကံစမ်းမဲအခွင့်အရေးနှင့်အတူ အပ်ငွေအပေါ် အတိုးနှုန်းအဖြစ် တစ်နှစ်လျှင် အမြင့်ဆုံး (၁၁.၈၅) ရာခိုင်နှုန်း (11.85% p.a.) အထိ ခံစားခွင့်ပေးပြီး အပ်ငွေပမာဏ များပြားလေ၊ ကံထူးနိုင်သည့် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်ပါသည်။ 

CB Bank သည် "The Asset Triple A" မှ ချီးမြှင့်သော "Digital Bank of the Year" ဆုကို ရရှိထားသည့် ဘဏ်တစ်ခုဖြစ်ပြီး လူမှုပတ်ဝန်းကျင်အတွက် ခေတ်မီပြည့်စုံသော ဒီဂျစ်တယ်အနာဂတ်တစ်ခုကို ဖန်တီးရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ နောင်များတွင်လည်း  ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ Campaign အစီအစဉ်များစွာကို CB Bank က ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။