ဆွဲဆန့်နိုင်မယ့် Samsung ဖုန်းအသစ်

ဆွဲဆန့်နိုင်မယ့် Samsung ဖုန်းအသစ်

Rollable ဖုန်းတွေက ရှေ့နှစ်တွေတုန်းကလည်း သူ့ထက်ငါအပြိုင် မိတ်ဆက်ခဲ့ဖူးတာပဲ။ LG, Motorola, Oppo တို့ဆို concept တွေ prototype‌ တွေထုတ်ပြခဲ့ဖူးပါတယ်။ လက်တွေ့တော့ ရောင်းချနိုင်ခြင်းမရှိသေးဘူးပေါ့။ အခုတော့ ခေါက်ဖုန်းတွေရဲ့ ဘုရင်လို့ ပြောရမယ့် Samsung ကနေ ဆွဲဆန့်နိုင်တဲ့ Rollable ဖုန်းတွေကို ချပြသွားတော့မယ့် အလားအလာတွေ တွေ့နေရပါပြီ။ 

Samsung ကနေ အမေရိကန်မူပိုင်ခွင့်ဖြစ်တဲ့ USTPO (United States Patent and Trademark Office) မှာ Rollable ဆွဲဆန့်နိုင်တဲ့ဖုန်းပုံစံကို မူပိုင်ခွင့်တင်ခဲ့တယ်လို့ သတင်းတွေထွက်လာပါတယ်။ 

Leak ဖြစ်လာတဲ့ဓါတ်ပုံတွေအရ ဒီဖုန်းက လက်တစ်ဆုပ်စာ သေးငယ်တဲ့မူလပုံစံကနေ သာမန်ဖုန်းတစ်လုံးအရွယ်ဖြစ်သွားအောင် ဆွဲဆန့်နိုင်မှာပါ။ နောက်ပြီး ကျောဘက်မှာ ကင်မရာ ၂ လုံးနဲ့ Flash light ကိုတွေ့ရပါတယ်။ Rollable နည်းပညာကြောင့် ဖုန်းက သာမန်ဖုန်းတွေထက် ပိုထူမယ့်သဘောရှိပါတယ်။ 

Samsung ကနေ 2019 ကတည်းက Rollable ဖုန်းအတွက် ပြင်ဆင်နေခဲ့တာတွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ဖူးပါတယ်။ အခုတော့ ဒီနှစ်ထဲမဟုတ်တောင် ရှေ့နှစ်ထဲမှာတောင် Rollable ဖုန်းတွေကို တွေ့ရဖို့များနေပါပြီ။ 

Read more

iOS 19 မှာ Gemini AI ထည့်သွင်းဖို့ Google CEO မျှော်လင့်နေ

iOS 19 မှာ Gemini AI ထည့်သွင်းဖို့ Google CEO မျှော်လင့်နေ

ဖေဖော်ဝါရီလတုန်းက iOS 18.4 Beta မှာ တွေ့ရှိခဲ့တဲ့ Code တချို့အရ Apple အနေနဲ့ Google ရဲ့ Gemini ကို Apple Intelligence ထဲထည့်သွင်းဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ChatGPT အတွက်

Athletic Club (0-3) Manchester United  UEFA Europa League (Semi Final/1st leg) Highlight

Athletic Club (0-3) Manchester United UEFA Europa League (Semi Final/1st leg) Highlight

0:00 /0:45 1× ■ Video - မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ဘီလ်ဘာအို (၀-၃)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ကက်စီမီရိုရဲ့ခေါင်းတိ

All English Final လမ်းကြောင်းကို ဦးတည်လာတဲ့ မန်ယူနိုက်တက်နဲ့ စပါးရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပကျော့)နိုင်ပွဲ

All English Final လမ်းကြောင်းကို ဦးတည်လာတဲ့ မန်ယူနိုက်တက်နဲ့ စပါးရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်(ပကျော့)နိုင်ပွဲ

ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်) ပထမအကျော့ ဘီလ်ဘာအို (၀-၃) မန်ယူနိုက်တက် စပါး (၃-၁) Bodo/Glimt မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်(ဆီမီးဖိုင်နယ်)ပထမအကျော့ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်း(၂)သင်းစလုံး ပြ

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

ACL ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ မန်စီးတီးအသင်းနဲ့ ရိုဒရီ လေ့ကျင့်ခန်းပြန်ဆင်း

မန်စီးတီးအသင်းကြယ်ပွင့်နဲ့ Ballon d'Or ဆုရှင် ရိုဒရီဟာ ဒူး(ACL)ဒဏ်ရာရရှိခဲ့ပြီးနောက် (၇)လအကြာမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ အသင်းနဲ့ လေ့ကျင့်ခန်းပြ