လီဗာပူးလ်အသင်းပရိသတ်တွေဟာ အီဂျစ်တောင်ပံကစားသမား ဆာလာကို မြို့ထဲမှာ ကင်မရာအဖွဲ့တွေနဲ့ တွေ့ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ထင်မြင်ချက်တွေပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းသမိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလာဟာ အသင်းနဲ့အတူ ‌ဆုဖလား(၈)ခုရယူထားပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့နီးစပ်နေတာပါ။

ဒါပေမယ့် ဆာလာနဲ့ လီဗာပူးလ်အသင်းရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ ဆာလာဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြေတွေပေးပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေနဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ ဆာလာဟာ ပြည်ပကလပ်တွေနဲ့ အပြောင်းအရွှေ့လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ လီဗာပူးလ်အသင်းလေ့ကျင့်ရေးဝတ်စုံဝတ်ဆင်ပြီး ‌ပြုံးရွှင်နေတဲ့ဆာလာကို ကင်မရာအဖွဲ့တွေနဲ့အတူ မြင်တွေ့ခဲ့ရတာပါ။ လီဗာပူးလ်အသင်းပရိသတ်တွေက ဆာလာဟာ စာချုပ်သစ်အတွက် ရုပ်သံရိုက်ကူးနေတာဖြစ်နိုင်တယ်ဆိုပြီး သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ကြပါတယ်။ Mail Sport ကတော့ ဒီရိုက်ကွင်းဟာ အလားအလာရှိတဲ့ စာချုပ်သစ်သတင်းတွေနဲ့ သက်ဆိုင်မှုမရှိဘဲ ပရီးမီးယားလိဂ်ကစားသမားတစ်ဦးအတွက် ပုံမှန်ထုတ်လွှင့်မှုတာဝန်တွေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနေတဲ့ ဆာလာအနေနဲ့ စာချုပ်သစ်ချုပ်ပြီး အသင်းမှာဆက်ရှိမလား ဒါမှမဟုတ် အလွတ်နဲ့ထွက်ခွာသွားမလားဆိုတာ မကြာခင်လပိုင်းအတွင်း မြင်တွေ့ရဖို့ရှိနေပါတယ်။