ဒီ AI ChatBot က Character AI လို့ခေါ်ပါတယ်။ လန့်မသွားပါနဲ့။ ဒီလိုတွန်းအားပေးလို့လည်း အခုဆိုရင် တရားစွဲခံနေရပါပြီ။ တော်တော်ဆိုးဝါးတဲ့ AI လို့ပဲပြောရမှာပါ။ ဒါ့အပြင် ဖန်တီးသူတွေကိုပါ အပြစ်တင်ရမယ့်ပုံပါပဲ။
Character AI ဟာဆိုရင် Character Technologies ကုမ္ပဏီကထုတ်ထားတာဖြစ်ပြီး Google အင်ဂျင်နီယာဟောင်း Noam Shazeer နှင့် Daniel De Freitasတို့က ဖန်တီးထားတဲ့ AI ChatBot လို့လည်း ဆိုပါတယ်။ 2021 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီး တော်တော်လေးလူကြိုက်များ လူသုံးများခဲ့တယ်လို့ဆိုပါတယ်။ အခြား AI ChatBot တွေလိုပဲ အလုပ်လုပ်တယ်ဆိုပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့ပုံစံမျိုး စိတ်ကူးယဉ် Character တွေ ဖန်တီးတာမျိုး အကြံဥာဏ်တွေ တောင်းခံတာမျိုးမှာ နာမည်ကြီးတဲ့ AI ChatBot ပါ။
အကြံဥာဏ်တွေ ဖော်ပြပေးတယ်လို့ နာမည်ကြီးတယ်ဆိုသလိုပဲ။ နောက်ပိုင်းမှာ ပေါက်ကရ idea တွေ၊ မသင့်လျော်တဲ့ အချက်အလက်တွေ ဖော်ပြမှုကြောင့် ဝေဖန်မှုတွေလည်း များလာပါတယ်။ ဥပမာ - ၉ နှစ်အရွယ် ကလေးငယ်တွေကို Sex နဲ့ပတ်သက်တဲ့ အပြူအမူတွေကို ဖော်ပြတာမျိုး၊ ၁၇ နှစ်အရွယ်ကလေးငယ်တွေကို ခန္ဓာကိုယ်နာကျင်စေတဲ့နည်းလမ်းတွေကို ဖော်ပြပြီး ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်တာဟာ ကောင်းမွန်တယ်လို့ အကြံပေးတာမျိုး (Suicide လုပ်ခိုင်းတာ) တို့အထိ တော်တော်ဆိုးပါတယ်။
နောက်ဆုံးတစ်ခုကတော့ အပေါ်မှာပြောခဲ့သလိုပဲ ကလေးသူငယ်တွေကို စမတ်ဖုန်း Screentime ကန့်သတ်ပြီး သုံးခိုင်းတဲ့မိဘတွေကို ပြန်သတ်ခိုင်းတာမျိုးအထိ အကြံပေးတာ တွန်းအားပေးတာမျိုးအထိ ဖော်ပြလာတာပါ။ ဒါကြောင့် သတိထားမိလာတဲ့ မိဘအချို့ဟာ Character AI ဟာ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိလာပြီဖြစ်ကြောင်း တင်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ Character AI ဟာ တက္ကဆက်ပြည်နယ် တရားရုံးတစ်ခုမှာ ဆယ်နှစ်အောက်နဲ့ ဆယ်ကျော်သက်ကလေးသူငယ်များကို ဥပဒေနဲ့မလွတ်ကင်းသောအချက်များစွာကို ဖော်ပြသည်ဆိုပြီး တရားစွဲဆိုခြင်းကို ခံထားရပါတယ်။ ဒါ့အပြင် ဒီတရားစွဲဆိုမှုမှာ Google ကိုပါ စစ်ဆေးမေးမြန်းခြင်းတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
Screentime ထိန်းချုပ်တဲ့မိဘများကို အဆုံးစီရင်လိုက်ဖို့ ဆယ်ကျော်သက်ကလေးငယ်များကို တွန်းအားပေးတဲ့ AI ChatBot
On this page
Read Next
သတင်းလွှာ (Newsletter) ရယူရန်
ကမ္ဘာတစ်ဝှမ်းမှ နောက်ဆုံးရသတင်းများ၊ နည်းပညာ၊ အားကစားနှင့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို လက်မလွတ်တမ်း သိရှိနိုင်ရန် သင်၏အီးမေးလ်ဖြင့် စာရင်းပေးသွင်းထားလိုက်ပါ။
Discussion