ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်

ဘယ်သူပြောတာလဲဆိုတော့ ChatGPT မွေးဖွားတဲ့ OpenAI ကပါ။ အဲ့ဒီအတွက်လည်း OpenAI ကနေ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ Super Assistant အနေနဲ့ သုံးနိုင်ဖို့ ChatGPT ကို upgrade လုပ်သွားမယ့် အစီအစဉ်ရှိနေပါပြီ။ 

ChatGPT ကို Upgrade လုပ်မယ်ဆိုတာထက် ChatGPT ပါဝင်တဲ့ Gadget အသစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ Humane Pin တို့လို AI Gadget ပုံစံနဲ့လာမလားပါပဲ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီးလည်း OpenAI ကနေ Apple ရဲ့ ဒီဇိုင်းအကြီးအကဲဟောင်းဖြစ်တဲ့ Jony Ive နဲ့ပါ ပရောဂျက်ထဲမှာ ပါဝင်စေခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။

OpenAI အနေနဲ့ “လက်ရှိ ChatGPT ဟာ မိမိတို့ဘဝမှာ website, Phone App , Desktop App တွေမှာ သုံးနိုင်နေပြီ။ ဒါပေမဲ့ OpenAI ရဲ့ အနာဂါတ်ရည်မှန်းချက်ကတော့  သင်ဘယ်နေရာမှာရှိနေရှိနေ အစစအရာရာမှာ ကူညီနိုင်တဲ့ ChatGPT ကိုဖန်တီးချင်တာ” လို့ ဆိုပါတယ်။ 

အိမ်မှာဆိုရင်လည်း ဟင်းချက်နည်းတွေ ပြောပြတာ သီချင်းဖွင့်ပေးတာ၊ အပြင်မှာဆိုရင်လည်း လမ်းပြတာမျိုး စားသောက်ဆိုင်ရှာပေးတာမျိုး အလုပ်မှာဆိုရင်လည်း Meeting အတွက် တင်ပြချက်တွေ စီစဉ်ပေးတာမျိုး နောက်ဆုံးတစ်ယောက်ထဲဖြစ်နေရင်လည်း စကားပြောဖော်အဖြစ် ကူညီပေးတာမျိုးအထိ ChatGPT ဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ်မိတ်ဆွေဖြစ်လာအောင် မျှော်လင့်ထားတယ်လို့ OpenAI က ဆိုထားပါတယ်။  

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

UEFA Nations League Semi-Final ဂျာမနီ - ပေါ်တူဂီ (5 June 2025/ 1:30 am) ၂၀၂၄-၂၅ ရာသီ UEFA Nations League ပြိုင်ပွဲက ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပြီး ဒီတစ်ပတ်ကြားရက်မှာ ဆီမီးဖိုင်နယ်ပွဲတွ

AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek

AI မော်ဒယ်အသစ်ဖန်တီးဖို့ Google Gemini ကို သုံးခဲ့တဲ့ DeepSeek

မကြာသေးခင်ကပဲ DeepSeek ကနေ သင်္ချာနဲ့ Coding ပိုင်းတွေအတွက် အတော်လေးအဆင့်မြှင့်ထားတဲ့ R1 Reasoning AI မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမော်ဒယ်ကို ဘယ်လိုမျိုးဖန်တီးထားလဲဆိ

iPhone အလုံးရေ ၂၀ ဖြင့် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်

iPhone အလုံးရေ ၂၀ ဖြင့် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်

ဒီသတင်းက မနှစ်ကစက်တင်ဘာလောက်တုန်းက ထွက်ခဲ့သေးတယ်။ အဲ့တုန်းကတော့ ရုပ်ရှင်တစ်ခုလုံးကို iPhone 15 Pro Max အသုံးပြုပြီး ရိုက်ကူးတဲ့ ပထမဆုံးရုံတင်ကားရယ်လို့ ပြောခဲ့ကြ

နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

နှစ်ပေါင်း (၁၀၀) အသုံးပြုနိုင်မည့် Battery

တရုတ်က အကြွေစေ့အရွယ် နျူကလီးယားဘက်ထရီကို မိတ်ဆက်ခဲ့ပြီး နှစ် 100အသုံးပြုခံနိုင်မည်လို့ဆိုထားပါသည်။ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Betavolt သည် betavoltaic စွမ်းအင်ကိုအသုံးပြ