ChatGPT ကို သင့်ဘဝရဲ့ မရှိမဖြစ်မိတ်ဆွေအနေနဲ့ ရှိစေချင်တယ်
ဘယ်သူပြောတာလဲဆိုတော့ ChatGPT မွေးဖွားတဲ့ OpenAI ကပါ။ အဲ့ဒီအတွက်လည်း OpenAI ကနေ နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေမှာ Super Assistant အနေနဲ့ သုံးနိုင်ဖို့ ChatGPT ကို upgrade လုပ်သွားမယ့် အစီအစဉ်ရှိနေပါပြီ။
ChatGPT ကို Upgrade လုပ်မယ်ဆိုတာထက် ChatGPT ပါဝင်တဲ့ Gadget အသစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ Humane Pin တို့လို AI Gadget ပုံစံနဲ့လာမလားပါပဲ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီးလည်း OpenAI ကနေ Apple ရဲ့ ဒီဇိုင်းအကြီးအကဲဟောင်းဖြစ်တဲ့ Jony Ive နဲ့ပါ ပရောဂျက်ထဲမှာ ပါဝင်စေခဲ့တယ်လို့ သတင်းတွေထွက်နေပါတယ်။
OpenAI အနေနဲ့ “လက်ရှိ ChatGPT ဟာ မိမိတို့ဘဝမှာ website, Phone App , Desktop App တွေမှာ သုံးနိုင်နေပြီ။ ဒါပေမဲ့ OpenAI ရဲ့ အနာဂါတ်ရည်မှန်းချက်ကတော့ သင်ဘယ်နေရာမှာရှိနေရှိနေ အစစအရာရာမှာ ကူညီနိုင်တဲ့ ChatGPT ကိုဖန်တီးချင်တာ” လို့ ဆိုပါတယ်။
အိမ်မှာဆိုရင်လည်း ဟင်းချက်နည်းတွေ ပြောပြတာ သီချင်းဖွင့်ပေးတာ၊ အပြင်မှာဆိုရင်လည်း လမ်းပြတာမျိုး စားသောက်ဆိုင်ရှာပေးတာမျိုး အလုပ်မှာဆိုရင်လည်း Meeting အတွက် တင်ပြချက်တွေ စီစဉ်ပေးတာမျိုး နောက်ဆုံးတစ်ယောက်ထဲဖြစ်နေရင်လည်း စကားပြောဖော်အဖြစ် ကူညီပေးတာမျိုးအထိ ChatGPT ဟာ နေ့စဉ်ဘဝမှာ မရှိမဖြစ်မိတ်ဆွေဖြစ်လာအောင် မျှော်လင့်ထားတယ်လို့ OpenAI က ဆိုထားပါတယ်။