ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာဖောက်နေပြီဆိုရင်ဘယ်လိုတုံ့ပြန်ရမလဲ

ချစ်သူက ကိုယ့်အပေါ်မှာ သစ္စာဖောက်နေပြီဆိုရင်ဘယ်လိုတုံ့ပြန်ရမလဲ

ချစ်သူရည်းစားတွေဆိုတာ အရင်းအနှီးဆုံးတစ်စိမ်းတွေလို့လည်းပြောလို့ရပါတယ်။ကိုယ့်ရဲ့အချစ်အရေးက အဆင်မပြေတာတွေများလာမယ်၊ ထင်သလောက်လည်းမပျော်ရွှင်ရတော့ဘူးဆိုရင်တော့ ကိုယ့်ရဲ့လက်ရှိအချစ်ရေးကိုသေချာပြန်ဆန်းစစ်ကြည့်ဖို့တော့လိုနေပါပြီ။ သမီးရည်းစားတွေကြားကဆက်ဆံရေးကအဆင်မပြေတော့ရင်လည်း ကိုယ့်ရဲ့တစ်ခြားအလုပ်တွေမှာပါထိခိုက်   လာနိုင်ပါတယ်။ အဆိုးရွာဆုံးကတော့ နှစ်ယောက်ကြားမှာသစ္စာဖောက်ခြင်းပါနော်။တကယ်လို့ ကိုယ့်အပေါ်မှာအဲ့လိုမျိုးပြဿနာတွေကြုံလာရပြီဆိုရင် ကိုယ့်စိတ်ကိုယ်ကိုဘယ်လိုပြင်ဆင်ရမလဲ ?


နားလည်ပေးလိုက်ပါ
ကိုယ်အနားမှာမနေချင်တော့တဲ့ သူတစ်ယောက်ကိုဆွဲထားဖို့ဆိုတာက ထင်သလောက်မရိုးရှင်တဲ့ကိစ္စပါ၊ သမီးရည်းစားပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယ်ဆီကနေထွက်သွားတဲ့သူတွေကိုနားလည်ပေးလိုက်တာကအကောင်းဆုံးပါ။ဘာလို့လည်းဆိုရင် နားလည်ခြင်းကကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေသလို၊  ထွက်သွားတဲ့သူအတွက်လည်းပိုပြီးကောင်းပါတယ်။

Photo Credit -NBC News


အမုန်းနဲ့လမ်းမခွဲပါနဲ့
အမုန်းနဲ့လမ်းခွဲခြင်းကနှစ်ယောက်လုံးအတွက်ပိုပူလောင်စေပါတယ်၊ ကိုယ့်အပေါ်မှာသစ္စာမရှိတဲ့သူဆိုပေမယ့် တစ်ချို့သူတွေကအတင်းကြီးတွေအမုန်းနဲ့လမ်းခွဲတတ်ကြပါတယ်။အမုန်းနဲ့လမ်းခွဲမဲ့အစား တစ်ယောက်နဲ့တစ်ယောက်မေတ္တာနဲ့လမ်းခွဲလိုက်တာက  အနည်းဆုံးတော့ရန်သူတော့မဖြစ်တော့ဘူးပေါ့နော်။

Photo Credit -Dialeg


အကောင်းဆုံးနေပါ
သူထားခဲ့လို့ဘဝကြီးပျက်သွားမဲ့ပုံစံတွေမလုပ်ပြပါနဲ့၊ တစ်ချိန်ကျရင်အားလုံးကကိုယ်တစ်ယောက်တည်းကိုထားခဲ့ပြီးထွက်သွားကြမဲ့သူတွေကြီးပါ၊ နောက်ကျတာနဲ့စောတာပဲရှိပါတယ်။ ကိုယ့်အနားမှာဘယ်သူမှမရှိလည်း ကိုယ့်ဘဝလေးကလှနေတယ်ဆိုတာ သူတို့မြင်သွားအောင်နေပြလိုက်ပါ။

Photo Credit -Bustle

Kelly -Akhayar Lifestyle

Read more

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဒီနေ့ရဲ့အကြိုက်ဆုံးပွဲများ ကြိုတင်ရင်ခုန်သံ

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ(အုပ်စုအဆင့်) မန်စီးတီး - ဝီဒက်ကာဆာဘလန်ကာ (18 June 2025/ 10:30 pm) မန်စီးတီးအသင်းက ဒီပြိုင်ပွဲမှာ ၂၀၂၃ ချန်ပီယံလိဂ်ချန်ပီယံအသင်

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တိရစ္ဆာန်ချစ်သူများအတွက် တိရစ္ဆာန်လေးတွေရဲ့ အသံနှငင့်အပြုအမူများကို ဘာသာပြန်ပေးမည့် AI

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu သည် တိရစ္ဆာန်များ၏အသံ၊အပြုအမူနှင့်လှုပ်ရှားမှုများကို လူသားတွေနားလည်သည့်ဘာသာစကားအဖြစ်သို့ ဘာသာပြန်ဆိုပေးနိ

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

TikTok ကို တတိယအကြိမ် ၃လ သတ်တမ်းတိုးပေးလိုက်သည့် သမ္မတ Donald Trump

သမ္မတ Donald Trump သည် TikTok ကို ဇွန် ၁၉ ရက်နေ့တွင် အမေရိကန်ကုမ္ပဏီတစ်ခုကိုရောင်းချရန် ချမှတ်ထားသည့်အမိန့်ဥပဒေကို တတိယအကြိမ်အဖြစ် နောက်ထပ် ရက် ၉၀ (စက်တင်ဘာလအထိ) ထပ်မံ

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

Wireless စွမ်းအင်ပေးပို့မှုစမ်းသပ်အောင်မြင်ခဲ့သည့် အမေရိကန်

အမေရိကန်၏ ကာကွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (DARPA) သည်မကြာသေးမီက ကြားခံပစ္စည်းမပါသည့် စွမ်းအင်ပေးပို့ခြင်းနည်းပညာကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ