ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

ဆီမီးဖိုင်နယ်အဆင့်တွေက တစ်ရက်တည်းထွက်ခဲ့ရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီရဲ့တူညီတဲ့ကံကြမ္မာ

နာမည်ကျော်ဘောလုံးသမား စီရော်နယ်ဒိုနဲ့ မက်ဆီတို့အနေနဲ့ မိမိတို့ရဲ့အသင်းတွေနဲ့အတူ ဒီရာသီမှာ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ကြီးအလိုက်ကလပ်အသင်းပြိုင်ပွဲတွေမှာ တူညီတဲ့ကံကြမ္မာနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင် တစ်ရက်တည်း ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

စီရော်နယ်ဒိုရဲ့အယ်လ်နာဆာအသင်းက အာရှကလပ်အသင်းတွေရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်က ထွက်ခဲ့ရသလို၊ တစ်ရက်တည်းမှာပဲ မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းကလည်း ကွန်ကာကပ်ဖ်ဒေသမှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကွန်ကာကပ်ဖ်ချန်ပီယံရှစ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်က ထွက်ခဲ့ရတာပါ။

ဆော်ဒီမြေမှာ ကျင်းပနေတဲ့ ၂၀၂၄-၂၅ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေရဲ့ ဆီမီးဖိုင်နယ်မှာ အယ်လ်နာဆာအသင်းဟာ ဂျပန်ကလပ် ကာဝါဆာကီဖရွန့်တာလီအသင်းကို (၂-၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ အရင်က အာရှကလပ်အသင်းပြိုင်ပွဲမှာ ဒုတိယတန်းစားအဆင့်ပြိုင်ပွဲဖြစ်တဲ့ Asian Cup Winners' Cup ပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်က ချန်ပီယံဖြစ်ခဲ့တာပါ။ အာရှရဲ့ အဆင့်အမြင့်ဆုံးကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အယ်လ်နာဆာအသင်းဟာ ချန်ပီယံမဖြစ်ဖူးဘဲ ဒီရာသီမှာ ပထမဆုံးချန်ပီယံဆုရယူဖို့ မျှော်လင့်နေချိန်မှာ ဆီမီးဖိုင်နယ်အဆင့်ရောက်မှ မြင်းကောင်းခွာလိတ်ဖြစ်ခဲ့ရတာပါ။

မက်ဆီရဲ့အင်တာမိုင်ယာမီအသင်းကလည်း ကွန်ကာကပ်ဖ်ချန်ပီယံဖလားဆီမီးဖိုင်နယ်အဆင့်မှာ မေဂျာလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ ကနေဒါကလပ် ဗန်ကူးဗား၀ှိုက်ကပ်စ်အသင်းကို နှစ်ကျော့စလုံးရှုံးခဲ့ရတာပါ။

မြောက်အမေရိက၊ အလယ်အမေရိကနဲ့ ကာရေဘီယံဒေသက ကလပ်အသင်းတွေပါဝင်တဲ့ ကွန်ကာကပ်ဖ်ချန်ပီယံဖလားမှာ အင်တာမိုင်ယာမီအသင်းဟာ ချန်ပီယံမဖြစ်ဖူးရုံမက ဗိုလ်လုပွဲအထိတောင် တစ်ကြိမ်မှမတက်ရောက်ခဲ့ဖူးဘဲ ဒီနှစ် ဆီမီးဖိုင်နယ်မှာ (၀-၂)ဂိုး၊ (၁-၃)ဂိုးရလဒ်တွေနဲ့ ရှုံးခဲ့တာကြောင့် ဗိုလ်လုပွဲတက်ရောက်ခွင့်နဲ့ ဆက်ဝေးခဲ့ရတာဖြစ်ပါတယ်။

အာရှချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းက (၄)ကြိမ်ဗိုလ်စွဲထားတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်အသင်းဖြစ်ပြီး၊ ကွန်ကာကပ်ဖ်ချန်ပီယံဖလား ပြိုင်ပွဲမှာအအောင်မြင်ဆုံးအသင်းက (၇)ကြိမ်ဗိုလ်စွဲထားတဲ့ မက္ကဆီကိုကလပ် ကလပ်အမေရိက ဖြစ်ပါတယ်။

Read more

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

မန်ယူနိုက်တက်အတွက် ကစားပေးချင်တဲ့ ကစားသမားကိုပဲမိမိလိုချင်တယ်လို့ ယောကရက်စ်ရဲ့အပြောင်းအရွှေ့အပေါ် အာမိုရင်တုံ့ပြန်

လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စပို့တင်းလစ္စဘွန်းအသင်းတိုက်စစ်မှူး ယောကရက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့ရာမှ

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

လာမင်းယာမားလ်က ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်နေပြီလို့ ရီယိုဖာဒီနန် မှတ်ချက်ပြု

ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့ (၃-၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (ပထမအကျော့)ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

$113 Billion ဆုံးရှုံးသွားသည့် Elon Musk

Donald Trump ၏ဒုတိယသက်တမ်းစတင်ချိန်မှစ၍ Elon Musk ၏အသားတင်ပိုင်ဆိုင်မှုသည်ဒေါ်လာ 113 ဘီလီယံ သို့မဟုတ် 25% ခန့်ကျဆင်းသွားခဲ့သည်။ Tesla ၏ရှယ်ယာများသည် EV ရောင်းအားနည်းခြင်